သတင်း ဖယ်ခုံမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လေးဦး ထိခိုက်ခဲ့ကြောင်းသိရသည်။ LuduNwayOoဇွန် 1, 2023
သတင်း TNLA၊ MNDAA နှင့်AA တပ်ဖွဲ့များထံမှ လက်နက်ခဲယမ်းမျိုးစုံနှင့် စစ်ရေးအကူအညီများရကြောင်း KNDFအသိပေး KNDF ထူထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် KNDF ဥက္ကဋ္ဌခွန်းဘီထူးက မိန့်ခွန်းပြောကြားခဲ့ရာ KNDF စုဖွဲ့မှု (၂)နှစ်တာအတွင်း ဝါရင့်ပြီး ရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာ ရရှိခဲ့ကြောင်းကို အသိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 31, 2023
သတင်း နှစ်သစ်ကူးကာလ ဒီးမေ့ာဆိုတိုက်ပွဲစစ်တပ်ထံမှ လက်နက်မျိုးစုံ ၁၃ လက်နက်ခဲယမ်းများစွာ ရဟု ကရင်နီတပ်အသိပေး ဧပြီ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေနေများ နှင့် ဧပြီ ၁၈ရက် တိုက်ပွဲအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 19, 2023
သတင်း ကနီမြို့နယ်ရှိတာဝါတိုင်စခန်းကုန်းကို PDF သိမ်းပိုက်၊ လက်နက် ၁၆လက်နှင့် ခဲယမ်းများရရှိဟု NUG စစ်ရုံးချုပ်ထုတ်ပြန် တိုက်ပွဲမှာ မနက် ၇နာရီ ၄၀မှစတင်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ နံနက် ၈နာရီအထိသာ ကြာမြင့်ခဲ့ပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ LuduNwayOoဧပြီ 17, 2023
သတင်း ကော့သောင်းတွင်ပျူခေါင်းဆောင်နှစ်ဦးကိုPDFများတိုက်ခိုက်ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း ပုလဲစစ်ကြောင်းတိုက်ခိုက်ခံရပြီး ရက်ပေါင်း ၄၀ ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်းဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။ LuduNwayOoဧပြီ 17, 2023
သတင်း ဖလမ်း ဗားရ်တံတားရှိ စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက်၊ စစ်ကောင်စီ သုံးဦးသေ၊ ၁၄ဦး အရှင်ဖမ်းမိ လက်နက်ခဲယမ်းများရရှိ စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်က ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၉ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။ LuduNwayOoဧပြီ 10, 2023
သတင်း စစ်ကိုင်းတွင် PDFနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်း စီးနင်းခံရ၊ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဆုံးရှုံး စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်ရှိ တလိုင်းကျေးရွာကိုပါ ရဟတ်ယာဥ်နှစ်စီးဖြင့် ဝင်ရောက်ပစ်ခတ်ပြီး နေအိမ် ၁၀လုံး၊ ကျေးလတ်ဆေးပေးခန်း၊ ထရန်စဖော်မာနှင့် သုံးဘီးယာဥ်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 10, 2023
သတင်း ကရင်နီပြည်နယ်တွင်စစ်တပ် တပ်ရင်းတစ်ရင်းလုံးပြုတ်၊ ကရင်နီပူးပေါင်းတပ်ကလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ ကရင်နီပြည်နယ်ရှိ နေရာတစ်နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ LuduNwayOoမတ် 25, 2023
သတင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော် PDFအဖွဲ့၏ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်၊ ကျပ်သိန်း ၃,၀၀၀ခန့် ဆုံးရှုံး ပြည်သူများအနေဖြင့် ဂဠုန်တပ်တော် ရှေ့ဆက်တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးကြပါရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။ LuduNwayOoမတ် 23, 2023
သတင်း ရွှေကျင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်အပါ အဝင် ခုနစ်ဦးသေ၊ လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိ "စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoမတ် 23, 2023