Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်သား သုံးဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းအား စစ်စည်းကမ်းနှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီကာကွယ်ရေးတပ်)
(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီကာကွယ်ရေးတပ်)

▪️TTC ကျောင်းအနီး၌ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ ပြည်သူသုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား သုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း မုံရွာခရိုင် PDFတပ်ရင်း(၂၇) တပ်ခွဲ(၂) – သလ္လာဝတီကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၃ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာ အခြေစိုက် အမတ(၅၀၈)အမြောက်တပ်မှ ထွက်လာသော စစ်ကြောင်းမှ နောက်ချန် စစ်သား သုံးဦးအား ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

“စစ်ကြောင်းအင်အားလာဖြည့်ရင်းနဲ့ နောက်မှာ သုံးယောက်ကျန်နေခဲ့ရင်းနဲ့ ဖြစ်သွားတာ။ သူတို့တပ်သား သုံးယောက်ကို မေ့ကျန်ခဲ့တာ။ မဟာမိတ်တွေနဲ့အတူ ကင်းပုန်းဝပ်ရင်း တိုက်ခိုက်ခဲ့တာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ပြန်လည်ပစ်ခတ်ရင်း လွတ်မြောက်သွားပါတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ အရှင်ဖမ်းမိပါတယ်။အဲတစ်ယောက်က ပြန်လည်ခုခံဖို့လုပ်တာနဲ့ သေဆုံးသွားတာပါ”ဟု မုံရွာခရိုင် PDFတပ်ရင်း (၂၇)တပ်ခွဲ – ၂ တပ်ခွဲမှူး ကိုဝင်းက ပြောသည်။

၎င်းထံမှ (MA-1) တစ်လက်၊ ကျည်(၂၀၀)ကျော်၊ ရိုင်ဖယ်တပ် ဗုံးသီးတစ်လုံး၊ (၆၀) မမတစ်လုံး၊ ကျည်ဘောက်ပို နှစ်ခု၊ ကျည်ကာပြား ဝတ်ဆုံတစ်ထည်၊ ဖုန်းတစ်လုံး သိမ်းဆည်းရခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းအား စစ်စည်းကမ်းနှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုကို သလ္လာဝတီကာကွယ်ရေးတပ်၊ တိုက်တန်း ကာကွယ်ရေးတပ်နှင့် မိုးဟိန်း ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နံနက် ၉နာရီခန့်က မုံရွာမြို့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)အနီးရှိ စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်ခဲ့၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။