Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်သား သုံးဦးအားပစ်ခတ်ရာ တစ်ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းအား စစ်စည်းကမ်းနှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီကာကွယ်ရေးတပ်)
(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီကာကွယ်ရေးတပ်)

▪️TTC ကျောင်းအနီး၌ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ ပြည်သူသုံးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား သုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း မုံရွာခရိုင် PDFတပ်ရင်း(၂၇) တပ်ခွဲ(၂) – သလ္လာဝတီကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၃ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာ အခြေစိုက် အမတ(၅၀၈)အမြောက်တပ်မှ ထွက်လာသော စစ်ကြောင်းမှ နောက်ချန် စစ်သား သုံးဦးအား ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

“စစ်ကြောင်းအင်အားလာဖြည့်ရင်းနဲ့ နောက်မှာ သုံးယောက်ကျန်နေခဲ့ရင်းနဲ့ ဖြစ်သွားတာ။ သူတို့တပ်သား သုံးယောက်ကို မေ့ကျန်ခဲ့တာ။ မဟာမိတ်တွေနဲ့အတူ ကင်းပုန်းဝပ်ရင်း တိုက်ခိုက်ခဲ့တာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ပြန်လည်ပစ်ခတ်ရင်း လွတ်မြောက်သွားပါတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ အရှင်ဖမ်းမိပါတယ်။အဲတစ်ယောက်က ပြန်လည်ခုခံဖို့လုပ်တာနဲ့ သေဆုံးသွားတာပါ”ဟု မုံရွာခရိုင် PDFတပ်ရင်း (၂၇)တပ်ခွဲ – ၂ တပ်ခွဲမှူး ကိုဝင်းက ပြောသည်။

၎င်းထံမှ (MA-1) တစ်လက်၊ ကျည်(၂၀၀)ကျော်၊ ရိုင်ဖယ်တပ် ဗုံးသီးတစ်လုံး၊ (၆၀) မမတစ်လုံး၊ ကျည်ဘောက်ပို နှစ်ခု၊ ကျည်ကာပြား ဝတ်ဆုံတစ်ထည်၊ ဖုန်းတစ်လုံး သိမ်းဆည်းရခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းအား စစ်စည်းကမ်းနှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သလ္လာဝတီကာကွယ်ရေးတပ်က အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုကို သလ္လာဝတီကာကွယ်ရေးတပ်၊ တိုက်တန်း ကာကွယ်ရေးတပ်နှင့် မိုးဟိန်း ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နံနက် ၉နာရီခန့်က မုံရွာမြို့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)အနီးရှိ စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်ခဲ့၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။