Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့မြို့နယ် ပန်တိုင်းစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲရရှိသည့် လက်နက်ခဲယမ်းများ NUG ပြသ

နိုဝင်ဘာ ၇ရက်က မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ စစ်ကောင်စီ၏ ကာကင်းကုန်း နှစ်ခုကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

(ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကရင်နီဒေသတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရရှိခဲ့သည့်လက်နက်ခဲယမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ဖော်ပြသခဲ့သည်။

နိုဝင်ဘာ ၇ရက်က မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ စစ်ကောင်စီ၏ ကာကင်းကုန်း နှစ်ခုကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

(ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD)
(ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MOD)

ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည့် ဓာတ်ပုံများအရ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စနိုက်ပါအပါအဝင် စုစုပေါင်း ၁၆လက်ထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးကျည်များ၊ (၄၀)မမ ကျည်များနှင့်အီနာကာဗုံးသီးများ လက်နက်ငယ်ကျည်များ စွာကိုတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆင်ရေးကို ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ(KNPLF)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဘောလခဲPDF၊ ဖားဆောင်း PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးကို ‘၁၁၀၇စစ်ဆင်ရေး’ဟုလည်း အမည်ပေးထားသည်ကို ကရင်နီသတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ