Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးအားဖမ်းဆီးရာ ပြန်လည်ခုခံ၍ပစ်ခတ်ရာ တစ်ဦးသေ၊ လက်နက်နှင့် ခဲယမ်းအချို့ရရှိ

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီ​၏ (၂၅၈)တပ်ရင်းမှ စစ်သား သုံးဦးအား ဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ဖမ်းဆီးချိန် ခုခံ၍ ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး MA1တစ်လက်နှင့် ကျည်ဘောက်သုံးဘောက်၊ ကျည် ၆၇တောင့်နှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

“သူတို့ သုံးယောက်ကို ပကဖရဲဘော်တွေက လမ်းကြောင်းတွေပိတ်ပြီး စောင့်နေတာ။ တွေ့တာနဲ့ တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တာ။ နေရာမှာတင်သေသွားတယ်။ ထွက်ပြေးတဲ့နှစ်ယောက်မှာ တစ်ယောက်ကတော့ ဒဏ်ရာတွေရသေးတယ်။”ဟု ရေစကြို(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကပင် ပခုက္ကူ-ရေစကြိုလမ်းပိုင်းရှိ ကျောက်လှေခါးရွာတိုးဂိတ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တိုးဂိတ်ပျက်စီးခဲ့သေးသ​ည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ

သတင်း

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၈ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းရုပ်သံကို ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။