Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့တိုက်ပွဲ စစ်ကောင်စီ သေဆုံးထိခိုက်မှုများ၊ လက်နက်ခဲယမ်းများ PDF ရရှိ

ကောလင်းမြို့၊မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၈ရက် နေ့လယ်မှ ညပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့​ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-​ Ko Hmway )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-​ Ko Hmway )

ကောလင်းမြို့တွင် ခုနှစ်​မြောက်​နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ​ဖေ​ဖော်ဝါရီ ၈ ရက်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှသေဆုံးသူများကာ ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်။

ကောလင်းမြို့၊မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီလ ၈ရက် နေ့လယ်မှ ညပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့​ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

မင်းချမ်းကျောင်း နှင့် တဲကြီးကုန်းရွာသို့ ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ​သေဆုံးထိခိုက်မှုများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။

“စကစများ အထိနာအကျအဆုံးများပြီး ရင်း(၂)မှ ရဲဘော်လေးဦးဒါဏ်ရာရ။မစိုးရိမ်ရပါ။သိမ်းဆည်းရမိ ပစ္စည်း လေးတွေကတော့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါတယ် အမျိုးတို့။ကျနော်တို့ အစွမ်းကုန်ကြိုးစားနေဆဲပါ။တပ်ရင်း(၁) လည်း အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ​ကောလင်းမြို့ ၊မင်းတဲကြီးရပ်ကွက်သို့ ထိုး​ဖောက်ဝင်​ရောက်လာ​သောစစ်​ကောင်စီတပ်ကို ​တော်လှန်​ရေးတပ်ဖွဲ့များက ​ဖေ​ဖော်ဝါရီ ၈ ရက်တွင် မြို့ပြင်သို့ တိုက်ထုတ်နိုင်ခဲ့​ကြောင်း ​သိရသည်။

“မင်းတဲကြီးရပ်ကွက်မှစစ်ကြောင်းမှာ တော်လှန်ရေးတပ်များလိုက်လံပစ်ခတ်မှုကြောင့်ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာထားပြီးကောလင်းမြောက်ခြမ်းမှတိုးလာသော စစ်ကြောင်းမှာကျွန်းလှခုံရွာထိဆုတ်ခွာထားကြောင်းသတင်းရရှိပါတယ်”ဟု ​ကောလင်းမြို့ တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သောKawlin Revolution-KR က ယမန်နေ့ညတွင် ထုတ် ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-​ Ko Hmway )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-​ Ko Hmway )

တော်လှန်​ရေးတပ်ဖွဲ့များက နိုဝင်ဘာလဆန်းတွင် သိမ်းပိုက်ထိန်းချုပ်ထား​​​​သော ခရိုင်မြို့ ​ကောလင်းကို စစ်​ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်ပြီး ​ဖေ​ဖော်ဝါရီ ၃ ရင်ညတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ကောလင်းမြို့အတွင်းသို့ယမန်နေ့က ဝင်ရောက်လာနိုင်ပြီး မြို့တွင်း၌ညတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့က တိုက်ပွဲတွင် ကောလင်းနှင့်ကန့်ဘလူမြို့ကြားရှိချက်သင်းဘေးမဲ့တော အတွင်းတိုက်ပွဲမှာလည်းပြင်းထန်​ကြောင်း ​​တော်လှန်​ရေးတပ်ဖွဲ့များက​ပြောသည်။ ချက်သင်းဘေးမဲ့တောရှိစစ်​ကောင်စီတပ်နှင့်ပျူ​စောထီယစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ​ဖေ​ဖော်ဝါရီ ၇ ရက်ညမှစတင်တိုက်ခိုက်ရာ စစ်တပ် အထိနာပြီး​လေ​ကြောင်းပစ်ကူသုံးခဲ့ရသည်။ ​ဖေ​ဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ရာ ထိမှန်သွားပြီး မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ​ဒေသခံများက​ပြောသည်။

ယ‌နေ့သည် တိုက်ပွဲ ၇ရက်မြောက်ဖြစ်ပြီး မြို့ဘေးနားပတ်ဝန်းကျင်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။