Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် လက်နက်ခဲယမ်းနှင့် အလင်းဝင်လာသည့် ရဲတပ်သားအား ကျပ်သိန်း၅၀ ချီးမြှင့်

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

(အလင်းဝင်လာသော ရဲတပ်သားအား သိန်းငါးဆယ်ချီးမြှင့်နေစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)
(အလင်းဝင်လာသော ရဲတပ်သားအား သိန်းငါးဆယ်ချီးမြှင့်နေစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ မြိုင်(ပကဖ)အဖွဲ့က ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့သည်။

​မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ၌ (၂)နှစ်နီးပါး တာဝန်ကျခဲ့သော ရဲတပ်သားရဲအောင်သည် ဖေဖော်ဝါရီ ၁၉ ရက်က အူစီသေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု ၊ ၉ မမကျည် ၁၇တောင့်ဖြင့် အလင်းဝင်လာ၍ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

” သူလည်းမြိုင်နယ်သားပါပဲ။ သူကအရင်တခါစစ်ကြောင်းကနေ ကန်နီကနေမြိုင်ကို ပြန်ပြောင်းရတယ်။ မြိုင်ကနေပြန်ပြေးလာတာ။ သူ့မိသားစုကို လုံခြုံစိတ်ချရတဲ့တစ်နေရာကို ပို့ပေးထားပါတယ်။”ဟု မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

၎င်း၏ထွက်ဆိုချက်အရ ကန်နီပျူစောထီးရွာ၌ စစ်သားနှင့်ရဲ ၁၃ ဦးရှိပြီး စစ်သား၊ ရဲ၊ ပျူစောထီးတို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့သော်လည်းကောင်း၊ အချင်းချင်းသော်လည်းကောင်း မတည့်ကြောင်း၊ ပျူအဖွဲ့ဝင် ကျား၊မ မရွေး ကင်းစောင့်ရပြီး စစ်သားနှင့်ရဲများ သောက်စားနေတတ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီပျူစောထီးရွာတွင် စားနပ်ရိက္ခာခက်ခဲ၍ ဆန်ပြုတ် သုံးလနီးပါးသောက်ခဲ့ရကြောင်း ၎င်းရဲတပ်သားက ဆိုသည်။

ကန်နီပျူခေါင်းဆောင်ကျော်ဆန်းဝင်းမိသားစုက ကျေးရွာအတွင်း ပြည်သူများကို ပျူအတင်းလုပ်ခိုင်း၍ မလုပ်လျှင် ရိက္ခာဖြတ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်းများ ပြုလုပ်နေ​ကြောင်း၊ ပျူများသည် ပြည်သူနှင့်ပူးပေါင်းလိုသော်လည်း စစ်သားနှင့်ပျူခေါင်းဆောင်များကခြိမ်းခြောက်ထားသဖြင့် ထွက်ခွာရန် ခက်ခဲနေကြောင်း ရဲတပ်သားရဲအောင်က ဆိုသည်။

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။