Connect with us

Hi, what are you looking for?

သတင်း

ကချင်ဒေသသို့ စစ်ကောင်စီတပ် ရေကြောင်းမှလက်နက်ခဲယမ်းများဖြည့်တင်းရန် ကြိုးပမ်း

စစ်သုံးပစ္စည်းများ သယ်ဆောင်ရာတွင် အရပ်သားပြည်သူများအားအသုံးပြုရန် စီစဉ်ခြင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းခြင်းသာဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်သည် ပြည်သူပိုင် စက်လှေများကိုလည်း ချောဆွဲအသုံးပြုလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

(မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အရပ်သားများအသုံးပြုပြီး တပ်စခန်းများရှိရာ စစ်သုံးပစ္စည်းများပို့ရန် စီစဉ်နေဟုဆို

▪️စစ်အင်အားအလုံးအရင်းပို့လာပါက တိုက်ပွဲပိုပြင်းထန်မည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ခဲယမ်း၊ ကျည်များနှင့် ရိက္ခာများကို ရေကြောင်းမှတဆင့် သယ်ဆောင်ဖြည့်တင်းရန် ဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီတပ်၏ ရေယာဉ်အုပ်စုသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗန်းမော်မြို့သို့ရောက်ရှိရာ အရပ်သားများအသုံးပြုပြီး စစ်သုံးပစ္စည်းများ သယ်ရန်စီစဉ်နေသည်ဟု ကချင်ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်ပြည်နယ် ကေအိုင်အိုဌာနချုပ်ရှိရာ နမ့်ဆန်ယာန် နှင့်လိုင်ဇာဒေသ ထိုးစစ်ဆင်နေသောနယ်မြေသို့ လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများဖြည့်တင်းရန် ဩဂုတ် ၃ရက်တွင် မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းမှ စစ်သင်းဘော ၉စီးဖြင့် ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဧရာတီမြစ် ကြောင်းအတိုင်းဆန်တက်ခဲ့ရာ ယင်းသင်္ဘောများအားလုံး သြဂုတ် ၁၉ရက် နေ့လယ်တွင် ဗန်းမော်ဆိပ်ကမ်းသို့ ရောက်ရှိကမ်းကပ်ပြီး တင်ဆောင်လာသည့် စစ်သုံးပစ္စည်းများချနေပြီဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ပစ္စည်းများကို စစ်ကောင်စီတပ်က ပြည်သူများထံမှ သိမ်းဆည်းထားသည့် လိုင်စင်မဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်များသုံးပြီး သယ်ယူရန်ရှိသကဲ့သို့ အရပ်သားပြည်သူများကိုပါ ရပ်ကွက်အသီးသီးမှ ခွဲတမ်းကျဆင့်ခေါ် အသုံးပြုစေခိုင်းမည်ဟုသိရကြောင်း ၎င်းက ပြောသည်။

(မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီရေယာဉ်သင်္ဘောများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ထိုအခြေအနေနှင့်ပတ်သက်၍ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်အား မေးမြန်းရာ”သိထားပါတယ်။သတင်းမှန်တယ်။ စစ်အင်အား ထပ်ပို့လာရင်တော့ တိုက်ပွဲ ပိုပြင်းထန်လာမယ်။ အခုထိတော့ ဗန်းမော်ဘက် စစ်အင်အားအလုံးအရင်း ပို့တာမရှိသေးဘူး။ လေယာဉ်နဲ့ ပို့မလားတော့ မသိပါ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ရေကြောင်းမှလာသည်မှာ လက်နက်ခဲယမ်း ရိက္ခာမှာ အဓိကဖြစ်သည်ဟု ၎င်းက ပြောသည်။

“အင်အားများများမပါဘူး။ ထောက်ပို့တပ်ပဲပါတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်သုံးပစ္စည်းများ သယ်ဆောင်ရာတွင် အရပ်သားပြည်သူများအားအသုံးပြုရန် စီစဉ်ခြင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းခြင်းသာဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်သည် ပြည်သူပိုင် စက်လှေများကိုလည်း ချောဆွဲအသုံးပြုလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဒါကတော့ရေကြောင်းဖြင့်ဆက်သွယ်ပို့ဆောင်လို့ရတဲ့သူတို့ရဲ့ရှေ့တန်းတပ်စခန်းများထံသို့ စစ်တပ်အင်အား ရိက္ခာ ခဲယမ်းပစ္စည်းပို့ပေးဖို့စီစဥ်တာဖြစ်နိုင်တယ်။ ဒါပေမဲ့ ထည့်စဥ်းစားရမည့် အချက်တခုတော့ ပိန်းမြစ်နှင့် မုန်လိုင်ချောင်းကနေ စက်လှေရေယာဉ် စစ်ကြောင်းကြီး တိုးဝင်လာနိုင်ဖွယ်ရှိ၊ မရှိကို ထည့်တွက်ရမည်။ပြီးလျှင်စက်လှေဝင်ထွက်ပေါက်ရောက်နိုင်တဲ့ မြစ်ချောင်းအင်းအိုင်လက်တက်များကိုလ်း သတိထားစောင့်ကြည့်ရန်လည်းမမေ့လျော့ဖို့လိုအပ်နေပြီ လို့မြင်တယ်”ဟု သတင်းရင်းမြစ်က ပေးပို့ပြောကြားသည်။

ကုန်းကြောင်းမှလာမည့် စစ်ကြောင်းကလည်း ပြည်သူများ ချောဆွဲပြီး သယ်ဆောင်ခိုင်းမည်ဆိုသည့် သတင်းထွက်ပေါ်နေ၍ ပြည်သူများလည်း သတိရှိကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် နယ်မြေအနီးရှိ နမ့်ဆန်ယန်ဒေသကို ဇူလိုင် လဆန်းမှစ၍ ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ တောက်လျှောက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

နောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများကို KIAက တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်မှုများပင်ရှိခဲ့ပြီး လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ရှိခဲ့သည်။ လက်ရှိတွင် စစ်ရေးခေတ္တငြိမ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။