သတင်း စစ်အုပ်စုကို တရားဝင်မှုနှင့် လက်နက်ထောက်ပံ့ခြင်းများ လုံးဝရပ်တန့်အောင် အိန္ဒိယအစိုးရကိုဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၂၀၀နီးပါး တိုက်တွန်း အိန္ဒိယနိုင်ငံအစိုးရသည် ယနေ့အချိန်အထိ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူများနှင့် မရပ်တည်သည့်အပြင် ဖက်ဆစ်စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများ ၊ နိုင်ငံရေးအရ တရား၀င်မှုပေးခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင် တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 27, 2022
သတင်း လက်နက်နှင့်အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးကျပ်သိန်း ၆၀ ပေးအပ် ဟု ကန်ပက်လက် CDF အသိပေး ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 20, 2022
သတင်း ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို RPG၊ (၇၉)မမ လက်နက်တို့နှင့် ပစ်ခတ်သတိပေးခဲ့ဟု ဖယ်ခုံ PDF ထုတ်ပြန် ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။ LuduNwayOoဇူလိုင် 10, 2022
သတင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ အကြမ်းဖက်နေသာ ရှမ်းနီတပ်ဖွဲ့ထံ BGFက လက်နက်ပို့ပေးနေ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းများပြုလုပ်သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်းဆောင်ရွက်သွားမည်ဟု ဗန်းမောက် ပကဖ ကထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ရဲဘော်များအဖမ်းခံရသည့်အပြင် လုံခြုံရေးအိမ်များဝင်စီးခံရ၍ လက်နက်ပစ္စည်းများဆုံးရှုံးခဲ့ဟု DRM အသိပေး "ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်"ဟု အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကိုင်းတောမစခန်းမှ ရဲတပ်သားနှစ်ဦး မြိုင်(ပကဖ)ထံ လက်နက်နှင့်အတူ အလင်းဝင် ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း လောင်းလုံ(ပကဖ)စခန်းစီးနင်းခံရပြီး လက်နက်နှင့် ရိက္ခာများဆုံးရှုံး၊ ဒဏ်ရာရ ရဲဘော်တစ်ဦးအဖမ်းခံရ ယခုဆိုလျှင် လက်နက်မကိုင်ဆောင်သည့်တိုင် ပါးစပ် (နှုတ်)ဖြင့်ဆိုးဝါးလွန်းသည့် သတင်းပေးဒလန်များ၏ လုပ်ရပ်ကို ပြည်သူများ မျက်မြင်ကိုယ့်တွေ့သိရှိပြီးဖြစ်သောကြောင့် လောင်းလုံ(ပကဖ)အနေဖြင့် ပြည်သူ့လောက်ကောင် သတင်းပေးဒလန်များကို သေချာစိစစ်သွားမည်ဟု အသိပေးသည်။ LuduNwayOoဇူလိုင် 4, 2022
သတင်း ဗန်းမောက်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၅ဦးသေ၊ ၅ဦး အရှင်ဖမ်းမိပြီး လက်နက်များရ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇွန် 29, 2022
သတင်း လက်နက်များနှင့် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာသော အရာရှိ၊ စစ်သည် ၁၈ ဦးကို ကျပ် သိန်း ၄၄၀ NUG ချီးမြှင့် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ ၁၈ ဦး ကို ၎င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး NUG က အထက်ပါချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 28, 2022