Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာကို RPG၊ (၇၉)မမ လက်နက်တို့နှင့် ပစ်ခတ်သတိပေးခဲ့ဟု ဖယ်ခုံ PDF ထုတ်ပြန်

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာ
ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရိပ်သာ

▪️ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများစစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ထပ်မံ သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မ ရဲစခန်းနှင့် မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးမှူးရုံးရိပ်သာတို့အား RPGနှင့် (၇၉)မမ လက်နက်အသုံးပြုပြီး သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ရင်း – ၂က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement
Public Service Announcement

ရဲနှင့်ထွေအုပ်အပါအဝင် NON-CDMဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကို သစ္စာခံ၍ ပြည်သူအပေါ်သစ္စာစောင့်သိမှုမရှိ၍ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ NON-CDM ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့ တွင်အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ် ကြောင်း၊ မိမိတို့၏ ရေမြေတွင်နေထိုင်ပြီး ဒေသလူထုအကျိုးကိုရှေးရှု့ရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကိုအထောက်အကူမပြုရန် ဖယ်ခုံ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးထွက်ခွာကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း (၂) ထပ်မံသတိပေးလိုက်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။