Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်း၍ အကြမ်းဖက်​နေသာ ရှမ်းနီတပ်ဖွဲ့ထံ BGFက လက်နက်ပို့​ပေး​နေ

ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်​ကြေး​ကောက်ခြင်း၊ အတင်းအဓမ္မ​စေခိုင်းခြင်းများပြုလုပ်​သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်​ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်း​ဆောင်ရွက်သွားမည်ဟု ဗန်း​မောက် ပကဖ ကထုတ်ပြန်ထားသည်။

(ဓါတ်ပုံ- စစ်​ကောင်စီ၊ BGF တို့နှင့်ချိန်ဆက်၍ လက်နက်ပွဲစားလုပ်သလို၊ ဆက်​ကြေး​ကောက်ရာတွင်လည်း ဦး​ဆောင်​နေ​သောရှမ်းနီတပ်ဖွဲ့ (SNA)မှ စိုင်းပြူး)
(ဓါတ်ပုံ- စစ်​ကောင်စီ၊ BGF တို့နှင့်ချိန်ဆက်၍ လက်နက်ပွဲစားလုပ်သလို၊ ဆက်​ကြေး​ကောက်ရာတွင်လည်း ဦး​ဆောင်​နေ​သောရှမ်းနီတပ်ဖွဲ့ (SNA)မှ စိုင်းပြူး)

စစ်ကိုင်းတိုင်းတွင်စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူထူထုနှင့် PDF အားအကြမ်းဖက်တိုက်ခိုက်နေသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့(SNA)ထံသို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က လက်နက်များပေးပို့နေကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပြောသည်။

“ရှမ်းနီတပ်ဖွဲ့ကို စစ်ကောင်စီက လက်နက်ထောက်ပံ့နေတာ။ BGFကနေ တဆင့် ဒီဒေသအထိ လာပို့တဲ့သတင်းကို ကျွန်တော်တို့အခိုင်အမာရထားတယ်”ဟုဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(Shanni Nationalities Army-SNA)ဟုဆိုကာ ဖွဲ့စည်းထားသော ရှမ်းနီတပ်ဖွဲ့သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ယခင်ကထက် လက်နက်ပိုမိုများပြားလာသည်။ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းနေ​ကြောင်း ဟုမ္မလင်း၊ ဖောင်းပြင်နှင့် မော်လိုက်မြို့မှ ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း ဖောင်းပြင်နှင့်မော်လိုက်မြို့မှလုပ်ငန်းရှင်အချို့ထံ ရှမ်းနီတပ်ဖွဲ့က ငွေကျပ်သိန်းရာသည်အထိ ဆက်ကြေးတောင်းနေသည်ဟုဆိုကာ ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက​ပြောသည်။ ​

Public Service Announcement

Public Service Announcement

ထိုအပြင်ကသာခရိုင်၊ဗန်း​မောက်မြို့​ပေါ်နှင့်​ကျေးရွာများမှလုပ်ငန်းရှင်များ၊​ဈေးဆိုင်များ ၊​ဒေသခံများထံ ရှမ်းနီတပ်ဖွဲ့က ဆက်​ကြေး​ကောက်​ခံခဲ့ပြီး ဗန်း​မောက်မြို့​ပေါ်တွင်ဆပ်​ကြေးကို မြို့​ပေါ်ရှိ ​အောင်ကမ္ဘာသိန်း ( AKBT)စား​သောက်ဆိုင်နှင့် Royal Golden City ဟိုတယ်မှတာဝန်ရှိသူများက လက်ခံ ​ပေးသည်ကိုသိရှိရ​ကြောင်းဗန်း​မောက်မြို့နယ်ပကဖ က ဇူလိုင် ၆ ရက်တွင်ထုတ်ပြန်ထားသည်။

ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းကို ရပ်တန့်ရန်နှင့်ကောက်ခံထားပြီးသော ငွေကြေးများကိုမူလပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်ပေးအပ်ရန် ရှမ်းနီတပ်ဖွဲ့(SNA)အားဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့၌ စစ်ကောင်စီစစ်ကြောင်းထိုးရာတွင် ရှမ်းနီတပ်ဖွဲ့က လိုက်ပါ၍အကြမ်းဖက်​နေ​ကြောင်းလည်းဒေသခံများကပြောသည်။

ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်​ကြေး​ကောက်ခြင်း၊ အတင်းအဓမ္မ​စေခိုင်းခြင်းများပြုလုပ်​သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်​ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်း​ဆောင်ရွက်သွားမည်ဟု ဗန်း​မောက် ပကဖ ကထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း မော်လိုက်နှင့် ဖောင်းပြင်ဒေသသို့ ဆက်ကြေးလာကောက်သည့် ရှမ်းနီတပ်ဖွဲ့၏ အဓိက တာဝန်ရှိသူမှာ စိုင်းပြူးဆိုသူဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။ စိုင်းပြူးသည် စစ်ကောင်စီ၊ BGF တို့နှင့် ချိတ်ဆက်ကာ လက်နက်ပွဲစားအဖြစ်လည်း လှုပ်ရှားနေသူဟု​ ဆိုကြသည်။ယခုသတင်းအတွက်ရှမ်းနီတပ်ဖွဲ့နှင့်စိုင်းပြူးထံသို့ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်းဆက်သွယ်မရခဲ့ပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook