မန္တလေးမြို့ပေါ်မှာ ပြည်သူ့လုံခြုံရေးခေါင်းစဉ်နဲ့ စစ်တပ်လိုလားသူအချို့ကို ပြည်သူ့စစ်ဖွဲ့ပေးကာ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။
စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။
စိန်ပန်းရပ်ကွက် ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ သေနတ်အတို ၁၀ လက် ၊ ကျည် အတောင့် ၇၀ တပ်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တွန်းလှန်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာစစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းရာကနေ အခုအခါမှာ မန္တလေးမြို့ပေါ်ထိရောက်လာတာဖြစ်ပါတယ်။