Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး

စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး
မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး

မန္တလေးမြို့ပေါ်မှာ ပြည်သူ့လုံခြုံရေးခေါင်းစဉ်နဲ့ စစ်တပ်လိုလားသူအချို့ကို ပြည်သူ့စစ်ဖွဲ့ပေးကာ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။

စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး
မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေး

စိန်ပန်းရပ်ကွက် ပြည်သူ့လုံခြုံရေးအတွက်ဆိုကာ သေနတ်အတို ၁၀ လက် ၊ ကျည် အတောင့် ၇၀ တပ်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တွန်းလှန်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာစစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းရာကနေ အခုအခါမှာ မန္တလေးမြို့ပေါ်ထိရောက်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

Facebook