Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။

ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်
ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင် ရှေ့တန်းနယ်မြေရှိ စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင်သည် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU တပ်မဟာ(၅)က ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ဇူလိုင် ၉ရက်က အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။

ယခင်ကလည်း ဖာပွန်ခရိုင်ရှေ့တန်းစစ်မြေပြင်မှ တပ်သားများ KNU တပ်မဟာ(၅)ထံ လက်နက်နှင့် အတူ လာရောက်ပူးပေါင်းမှုများရှိခဲ့သည်။ အလားတူ KNU တပ်မဟာနယ်မြေများ၌လည်း စစ်ကောင်စီလက်အောက်မှရုန်းထွက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook