Hi, what are you looking for?
မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။ အဲဒီသတင်းကို ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ...
လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်တွေကယ်ထုတ်သွားတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ NUG အစိုးရက တောင်းဆိုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာဖြန့်ဝေနေပါတယ်။ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်တံဆိပ်ကိုသုံးထားတဲ့အဲဒီထုတ်ပြန်ချက်ကို စစ်ကောင်စီဝါဒဖြန့် Ko Thet တယ်လီဂရမ်မှာ နိုဝင်ဘာလ ၂၁ ရက် ကစတင်ဖြန့်ဝေတာပါ။ ထုတ်ပြန်ချက်ထဲမှာ လွိုင်ကော်တက္ကသိုလ်အတွင်းပိတ်မိနေတဲ့...
ကရင်နီပူးပေါင်းတပ်တွေ ခေါ်ဆောင်သွားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သတ်ခံလိုက်ရပြီလို့ စစ်ကောင်စီအားပေးတယ်လီဂရမ်ချန်နယ်တွေနဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာဖြန့်ဝေနေကြပါတယ်။ နိုဝင်ဘာလ ၁၁ ရက်စတင်ပြီး လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေချိန် တက္ကသိုလ်ဝန်းထဲမှာပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတပ်ပေါင်းစုက ခေါ်ထုတ်သွားပြီးနောက် မှာ အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာကြတာပါ။ အဲဒီသတင်းဟာ သတင်းမှားဖြစ်တယ်ဆိုတာ စိစစ်တွေ့ရပါတယ်။ တက္ကသိုလ် ပါမောက္ခချုပ်ကို သတ်လိုက်တယ်ဆိုတာ...
ရခိုင်ပြည်နယ် မြောက်ပိုင်း ပေါက်တောမြို့ဆီ စစ်ကောင်စီရဲ့ရေတပ်သင်္ဘောအုပ်စုကြီး ချဉ်းကပ်လာသယောင် ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဒီရက်ပိုင်းထွက်ပေါ်လာပါတယ်။ ပေါက်တောမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၆ ရက်မှာ သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လေတပ်နဲ့ရေတပ် ပူးပေါင်းတိုက်ခိုက်မှုတွေရှိနေချိန် မှာပဲ အဲဒီရုပ်သံဖိုင်အချိန်ကိုက် ထွက်လာတာပါ။ ရုပ်သံဖိုင်ထဲမှာ...
အာဏာသိမ်းစစ်ကောင်စီက ငွေစက္ကူ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တို့ကို စက်တင်ဘာ ၂၉ ရက်စွဲနဲ့ ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု နှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေနဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လက်မှတ်တွေနဲ့ ထွက်ပေါ်လာတဲ့...
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေစုစည်းပြီး ပထမ ဆုံးအကြိမ် အဖြစ် ၅ရက်ကြာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီတပ်ပါ ပါဝင်တယ်ဆိုတဲ့သတင်းကို စစ်ကောင်စီအားပေး ဖေ့ဘွခ်အကောင့်ခ်အချို့မှာ ဖြန့်ခဲ့ကြပါတယ်။ အဲဒီသတင်းကို “တစ်ကောင်ဘွား စနေသား” လို့ အမည်ပေးထားတဲ့ ဖေ့ဘွတ်ခ်အကောင့်ခ်က စက်တင်ဘာလ ၁၉ ရက်မှာ စတင်ဖြန့်ဝေပါတယ်။ စစ်ကောင်စီတပ်အပါအဝင်...
PDF စခန်း တစ်ခုမှာ ထမင်းချက်ပြုတ်ကျွေးနေတဲ့ အမျိုးသမီးကြီး သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းမှားတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ အားပေး တယ်လီဂရမ်(Telegram) က ဖြန့်ဝေနေပါတယ်။ ထမင်းချက်ကျွေးသူအမျိုးသမီး ကို PDF တပ်ဖွဲ့ဝင်က လည်ပင်းညှစ်သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းမှားကို အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့ အတူ ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်...