အာဆီယံအဖွဲ့ဝင် နိုင်ငံတွေစုစည်းပြီး ပထမ ဆုံးအကြိမ် အဖြစ် ၅ရက်ကြာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီတပ်ပါ ပါဝင်တယ်ဆိုတဲ့သတင်းကို စစ်ကောင်စီအားပေး ဖေ့ဘွခ်အကောင့်ခ်အချို့မှာ ဖြန့်ခဲ့ကြပါတယ်။
အဲဒီသတင်းကို “တစ်ကောင်ဘွား စနေသား” လို့ အမည်ပေးထားတဲ့ ဖေ့ဘွတ်ခ်အကောင့်ခ်က စက်တင်ဘာလ ၁၉ ရက်မှာ စတင်ဖြန့်ဝေပါတယ်။
စစ်ကောင်စီတပ်အပါအဝင် အာဆီယံနိုင်ငံတွေရဲ့တပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ်လို့ အဲဒီဖေ့ဘွတ်ခ်အကောင့်ခ် မှာ ဖော်ပြထားတာတွေ့ရပါတယ်။
အာဆီယံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ စစ်ကောင်စီတပ် ပါဝင်တယ်ဆိုတဲ့သတင်းဖြန့်ဝေပုံကိုအခုလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

Public Service Announcement
( https://ghostarchive.org/archive/vs9lG )
အဲဒီသတင်းကို People’s Spring သတင်းဌာနက စစ်ဆေးရာမှာ သတင်းမှားဖြစ်တာကိုစိစစ်တွေ့ရပါတယ်။
အာဆီယံနိုင်ငံတွေ စုစည်းပြီး ပထမဆုံးအကြိမ် အဖြစ် စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကစတင်ပြီး ၅ ရက်ကြာ ကျင်းပနေပေမယ့် စစ်ကောင်စီတပ်ကတော့ စစ်ရေးလေ့ကျင့်မှုမှာမပါဝင်ဘဲ လေ့လာသူအဖြစ်ပဲ တက်ရောက်ခွင့်ရတာပါ။
အာဆီယံရဲ့ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်ပွဲမှာ စစ်ကောင်စီတပ်ကို လေ့လာသူအဖြစ်ပဲ တက်ရောက်ခွင့်ပြုတယ်ဆိုတာကို အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံစစ်တပ်ရဲ့အတည်ပြုချက်ရထားတဲ့ AFP သတင်းဌာန သတင်းပေးပို့ချက်ကို အင်ဒိုနီးရှားအခြေစိုက် ဂျာကာတာပို့စ်သတင်းစာက ဖော်ပြပါတယ်။
ဂျာကာတာပို့စ်သတင်းစာရဲ့ ဖော်ပြချက်
( https://www.thejakartapost.com/…/indonesia-hosts-first… )
” တစ်ကောင်ဘွား စနေသား” ဖေ့ဘွတ်ခ်အကောင့်ခ့်က သတင်းမှားကို ဖြန့်ဝေရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ရဲ့ စစ်တပ်အကြီးအကဲ အချို့စုဝေးနေတဲ့ ဓာတ်ပုံကိုအသုံးပြုပြီး ပုံမှားရိုက်ထားပါသေးတယ်။
ဓာတ်ပုံကို စစ်ဆေးရာမှာတော့ AP သတင်းဌာနရဲ့ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ မှာကျင်းပတဲ့ အာဆီယံ စစ်တပ်အကြီးအကဲတွေ တွေ့ဆုံပွဲက ပုံဖြစ်ပြီး ဓာတ်ပုံထဲတွေ့ရသူတွေဟာ အင်ဒိုနီးရှား ၊ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ် စစ်တပ်အကြီးအကဲ တွေဖြစ်တာတွေ့ရပါတယ်။
AP သတင်းဌာနရဲ့ဖော်ပြချက်
(https://apnews.com/…/asean-military-exercise-south… )
အဲဒီသတင်းမှားကိုပဲ “တစ်ကောင်ဘွား စနေသား” ဖေ့ဘွတ်ခ်အကောင့်ခ်က တင်ပြီး နောက်ရက်မှာပဲ “ရှမ်းသားလေး ရှမ်းသားလေး” ဖေ့ဘွတ်ခ်အကောင့်ခ်ကထပ်ဆင့်ဖြန့်ဝေပါတယ်။
သတင်းမှားကိုထပ်ဆင့်ဖြန့်ဝေပုံ
( https://ghostarchive.org/archive/pj1r4 )
အထက်ပါ စစ်ဆေးတွေ့ရှိချက်အရ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ရဲ့ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ စစ်ကောင်စီတပ်တွေ ပါဝင်ခွင့်မရဘဲ လေ့လာသူအဖြစ်သာ တက်ခွင့်ရတာကိုသိရှိရပါတယ်။


















































