News မုံရွာတွင် စာသင်ကျောင်း၌ကင်းစောင့်နေသောစစ်ကောင်စီတပ်ကို ဗုံးဖြင့်ပစ်တိုက်ခိုက် Unity Force Monywaနှင့်Brother Defense Forceအဖွဲ့တို့သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်ပြီး စစ်ကောင်စီအားခုခံရန် အလှူငွေများလိုအပ်လျက်ရှိသည်ဟု ၎င်းတို့ကပြောသည်။ LuduNwayOoမတ် 18, 2022
News မြေနီကုန်းတံတားဆေးရေးပန်းချီ အကြမ်းဖက်စစ်ကောင်စီဖျက်ဆီးမှု ပြင်သစ်သံရုံးရှုတ်ချ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ် ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်သည်”ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။ LuduNwayOoမတ် 18, 2022
News နွားထိုးကြီး-မြင်းခြံလမ်းပေါ်တွင် ဆိုင်ကယ်စီးစစ်ကောင်စီရဲဆိုင်ကယ်နှစ်စီးမိုင်းဆွဲခံရ "ထိခိုက်မှုရှိတဲ့နှစ်ယောက်မှာတစ်ယောက်ကညလက်မောင်းရှပ်ထိပြီး အကြောက်လွန်ပြီး ရမ်းပစ်ခဲ့တယ်လို့ကြားတယ်။ အဲဒီနှစ်ယောက်ကတော့ နွားထိုးကြီးဆေးရုံမှာ ဆေးကုသနေတယ်လို့သိရပါတယ်"ဟု နွားထိုးကြီးနယ်ခံတစ်ဦးက ပြောသည်။ LuduNwayOoမတ် 18, 2022
News KNUက စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများနှုတ်ထွက်ပြီး ပြည်သူနှင့်အတူရပ်တည်ရန် ကြေညာချက်အပေါ် စစ်ကောင်စီ ကန့်ကွက်စာပို့ KNU အနေဖြင့် လက်ရှိအခြေအနေတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်အာဏာရှင် ပြုတ်ကျရေး ဆောင်ရွက်နေသည့်အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အချိန်ဖြစ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။ LuduNwayOoမတ် 18, 2022
News ဝက်လက်နယ်က တောင်ကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ အိမ်ခြေ ၈၀ကျော် မီးလောင်ပြာကျ လက်ရှိတွင် အပူရှိန်ပြင်းသည့် အညာဒေသဖြစ်သည့် အလျောက် သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် ဒေသခံများ ယာယီတဲများ၊ဆေးဝါးများနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။ LuduNwayOoမတ် 18, 2022
News အင်အား ၄၀ကျော်ပါသည့် စစ်ကောင်စီတပ်ရေယာဥ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိဟု မြို့လှPDF ပြော စစ်ကောင်စီ၏ သံခွန်မော်တော်၏ ဝမ်းအတွင်းသို့ RPG တစ်လုံး ကျရောက်ထိမှန်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။ LuduNwayOoမတ် 18, 2022
News ကျောက်ထု – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဟု PDFပြော "ဗိုလ်ထွန်းတောက်၊ဗိုလ်ချစ်မွှေးနဲ့ ဗိုလ်ဥာဏ်တို့ဟာ အခု စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်နိုင်အောင် မိုင်းစဥ်ရင် မတော်တဆကျဆုံးခဲ့ကြရတာပါ။သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုကနေ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ LuduNwayOoမတ် 17, 2022
News ဒီးမော့ဆိုတွင် PDF လက်ဖြောင့်တပ်သားများတိုက်ခိုက် ၍ အရာရှိအပါအဝင် စစ်ကောင်စီတပ်မှ ခြောက်ဦးသေ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့နှင့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) စနိုက်ပါ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoမတ် 17, 2022
News အင်တာနက်ဖြတ်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း ရေဦးနယ်မှ ကျေးရွာခုနစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး မတ်လ ၄ရက်ကစ၍ စစ်ကိုင်းတိုင်းရှိ ရွှေဘို၊ခင်ဦး၊တန့်ဆည်၊ ဒီပဲယင်း၊ဝက်လက်၊ ရေဦးနှင့် ပုလဲမြို့ နယ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များကို နေ့စဥ် မီးရှို့ သတ်ဖြတ်မှုများ ယခင်ကာလများထက်ပို၍ ကျူးလွန်ခဲ့သည်။ LuduNwayOoမတ် 17, 2022
News ဟားခါးလေးကျေးရွာနှင့် ရိဒေါ်ဒါရ်မြို့တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ CNDFတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး ဟားခါးလေးကျေးရွာအနီးတွင် မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ကို CNDFနှင့် ကလေးပြည်သူ့ကာကွယ် ရေးတပ်(PDF) ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 17, 2022