Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတွင် ရဲစခန်းနှင့် ခမရ(၅၃၁)ကို တိုက်ခိုက်ရာစစ်​ကောင်စီတပ်သား လေးဦး​သေဟု KNDF ​ပြော

တိုက်ပွဲအတွင်း KNDF တပ်ရင်း-၁၅မှ ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၅၃၁)တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅က ထုတ်ပြန် သည်။

ယနေ့(မတ်လ ၁၈) နံနက် ၇နာရီခန့်က ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် နာရီဝက်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း KNDF တပ်ရင်း-၁၅မှ ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မတ်လ ၈ရက်ကလည်း ပြောက်ကြားစနစ်ဖြင့် ခမရ(၅၃၁)တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး အရာရှိတစ်ဦးကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် နေ့စဥ်ရက်စက် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကာ ယနေ့ နေ့လည်ပိုင်းတွင် မိုးဗြဲမြို့၌ တိုက်ပွဲများပြင်းထန်နေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။