Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုနယ်တွင် တပ်စွဲထား​​​သော စစ်​ကောင်စီတပ် စနိုက်ပါထိမှန်၍ ​လေးဦး​သေ

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ စနိုက်ပါအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုးခူးရီးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စနိုက်ပါထိမှန်ပြီး ​လေးဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ယနေ့ညပိုင်းတွင် ထုတ်ပြန် သည်။

ယနေ့(မတ်လ ၁၈ ရက်)နေ့လယ်ပိုင်းက အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့၊ လွိုင်ကော် PDF စနိုက်ပါအဖွဲ့ ၊ ဒီမောဆို PDF စနိုက်ပါအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ စနိုက်ပါအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် စစ်ကောင်စီဘက်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ဆိုသည်။

ပူးပေါင်းစနိုက်ပါအဖွဲ့မှ တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ ရက်ကလည်း အိုးခူးရီးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့နှင့်လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။