Connect with us

Hi, what are you looking for?

News

မြောက်ခင်ရန်းရွာသားများ အကူအညီတောင်း၍ ပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာပို့ဆောင်ခဲ့ဟု ဂန့်ဂေါ PDF ​ပြော

ထိတွေ့မှုအတွင်း ပြည်သူတို့၏ လုံခြုံရေးကိုအဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ​​ဒေသခံပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ရာသို့ ဟံသာဝတီရွာမှ စစ်ကောင်စီ၏ တပ်၊ ရဲနှင့် ပျူစောထီးများက စစ်ကူလာရောက်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(ဂန့်​ဂေါ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️မြောက်ခင်ရန်းရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီအား တိုက်ခိုက်ခဲ့၊ တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံး

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ပြည်သူလူထုများ၏ အကူအညီတောင်းခံမှုကြောင့် အဆိုပါကျေးရွာမှ ပြည်သူ ၄၀၀ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ဖက်ဆစ်စစ်တပ်နှင့်ပေါင်းကာ ဂန့်ဂေါမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအားရက်စက်စွာ သတ်ဖြတ်ခြင်း ၊နေအိမ်များအားမီးရှို့ခြင်း၊ မတရားဖမ်းဆီး နှိပ်စက် ခြင်း၊ ကျေးရွာ အတွင်းရှိပြည်သူများကို ပျူစောထီးသင်တန်းများအားအတင်းအဓမ္မတက်ခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ မတရားဖိနှိပ်ခြင်းများကြောင့်ယင်းကျေးရွာအတွင်းရှိပြည်သူများမှ အကူအညီ တောင်းခံလာ၍ ဂန့်ဂေါ PDFနှင့် မဟာမိတ် တော်လှန်ရေး အဖွဲ့တို့ ပူးပေါင်းပြီး မြောက်ခင်ရန်းရွာကို မတ်လ ၁၈ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိတွေ့မှုအတွင်း ပြည်သူတို့၏ လုံခြုံရေးကိုအဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ​​ဒေသခံပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ရာသို့ ဟံသာဝတီရွာမှ စစ်ကောင်စီ၏ တပ်၊ ရဲနှင့် ပျူစောထီးများက စစ်ကူလာရောက်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များ သည် မြောက်ခင်ရန်းရွာမှ ကယ်ထုတ်သွားသည့် ပြည်သူလူထုများနေအိမ်ကို မီးရှို့ဖျက်ဆီးနေကြောင်းလည်း ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။