Connect with us

Hi, what are you looking for?

News

မြိတ်နှင့်တနင်္သာရီကြားဆက်​ကြေး​တောင်းပြန်လာ​သောစစ်​ကောင်စီရဲတပ်ဖွဲ့တိုက်ခိုက်ခံရ

မြိတ်-တနင်္သာရီ နယ်ခြား အနီးတွင် ကြေးနန်းတိုင် ရဲစခန်းမှ ဆက်ကြေး ပုံမှန် လာရောက် ကောက်ခံနေသော ရဲအဖွဲ့များကို KNLAနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Thanintharyi Public Security Forcesက ထုတ်ပြန်ထားသည်။

(ဆန္ဒပြပြည်သူများကို ဖြိုခွဲခဲ့စဥ်က စစ်​ကောင်စီရဲများ။ ဓါတ်ပုံ-CJ)

မြိတ်မြို့နှင့် တနင်္သာရီမြို့ကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆက်ကြေးတောင်းပြန်လာသည့် အကြမ်းဖက်စစ်​ကောင်စီလက်​အောက်ခံရဲတပ်ဖွဲ့ကို KNU/KNLAနှင့် ဒေသခံကာကွယ်ရေးတပ်များက ယနေ့(မတ် ၁၈ရက်) ညနေ ၄နာရီက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

မြိတ်-တနင်္သာရီ နယ်ခြား အနီးတွင် ကြေးနန်းတိုင် ရဲစခန်းမှ ဆက်ကြေး ပုံမှန် လာရောက် ကောက်ခံနေသော ရဲအဖွဲ့များကို KNLAနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Thanintharyi Public Security Forcesက ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုတွင် ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပါရှိသည်။ ထိုပြင် ရဲတပ်ဖွဲထံမှ သေနတ် နှစ်လက်လည်းရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

အဆိုပါ တိုက်လိုက်မှုနှင့်ပတ်သပ်၍ ဒေသခံအချို့ထံဆက်သွယ်​မေးမြန်းရာ “ဖြစ်တာတော့ သိပါတယ်။ရဲသေတာတော့ မရှိပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ ထို​ကြောင့်ဒုရဲအုပ်သေဆုံးမူရှိ ၊မရှိနှင့်ပတ်သတ်ပြီး လူထုနွေဦးသတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ