Connect with us

Hi, what are you looking for?

News

မြိတ်နှင့်တနင်္သာရီကြားဆက်​ကြေး​တောင်းပြန်လာ​သောစစ်​ကောင်စီရဲတပ်ဖွဲ့တိုက်ခိုက်ခံရ

မြိတ်-တနင်္သာရီ နယ်ခြား အနီးတွင် ကြေးနန်းတိုင် ရဲစခန်းမှ ဆက်ကြေး ပုံမှန် လာရောက် ကောက်ခံနေသော ရဲအဖွဲ့များကို KNLAနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Thanintharyi Public Security Forcesက ထုတ်ပြန်ထားသည်။

(ဆန္ဒပြပြည်သူများကို ဖြိုခွဲခဲ့စဥ်က စစ်​ကောင်စီရဲများ။ ဓါတ်ပုံ-CJ)

မြိတ်မြို့နှင့် တနင်္သာရီမြို့ကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆက်ကြေးတောင်းပြန်လာသည့် အကြမ်းဖက်စစ်​ကောင်စီလက်​အောက်ခံရဲတပ်ဖွဲ့ကို KNU/KNLAနှင့် ဒေသခံကာကွယ်ရေးတပ်များက ယနေ့(မတ် ၁၈ရက်) ညနေ ၄နာရီက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

မြိတ်-တနင်္သာရီ နယ်ခြား အနီးတွင် ကြေးနန်းတိုင် ရဲစခန်းမှ ဆက်ကြေး ပုံမှန် လာရောက် ကောက်ခံနေသော ရဲအဖွဲ့များကို KNLAနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Thanintharyi Public Security Forcesက ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုတွင် ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပါရှိသည်။ ထိုပြင် ရဲတပ်ဖွဲထံမှ သေနတ် နှစ်လက်လည်းရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

အဆိုပါ တိုက်လိုက်မှုနှင့်ပတ်သပ်၍ ဒေသခံအချို့ထံဆက်သွယ်​မေးမြန်းရာ “ဖြစ်တာတော့ သိပါတယ်။ရဲသေတာတော့ မရှိပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ ထို​ကြောင့်ဒုရဲအုပ်သေဆုံးမူရှိ ၊မရှိနှင့်ပတ်သတ်ပြီး လူထုနွေဦးသတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။