Connect with us

Hi, what are you looking for?

News

မန္တလေး သင်္ကြန် လုပ်ဖို့ စစ်ကောင်စီ စီစဉ်

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ မနှစ်ကလည်း သင်္ကြန်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် လူထုက ပါဝင်တာမရှိလို့ အောင်မြင်ခဲ့တာမရှိပါဘူး။

နေ့စဉ်နီးပါးပေါက်ကွဲမှုတွေရှိနေပေမယ့် မန္တလေးမှာ သင်္ကြန်ပွဲတော် လုပ်ဖို့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် မောင်ကိုက စီစဉ်နေပါတယ်။

သင်္ကြန်ပွဲလုပ်ဖို့အတွက် မန္တလေးတိုင်း စစ်ကောင်စီဟာ မနေ့ ကမတ်လ ၁၈ ရက်မှာ ညှိနှိုင်းအစည်းအဝေးလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ မနှစ်ကလည်း သင်္ကြန်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် လူထုက ပါဝင်တာမရှိလို့ အောင်မြင်ခဲ့တာမရှိပါဘူး။

ဒါကြောင့် စစ်ကောင်စီဟာ စစ်တပ်အခြေစိုက်တဲ့ မန္တလေးနန်းတွင်းထဲမှာ စစ်တပ်အသိုင်းအဝိုင်း နဲ့ စစ်တပ်ထောက်ခံသူတွေပဲ သင်္ကြန်လုပ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်သင်္ကြန်ကို လူထုဟာ ရေမကစားဘဲ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

Facebook