Connect with us

Hi, what are you looking for?

News

ဖလံကိုင်း​ရေနံ​မြေတပ်စခန်းကို လက်လုပ်လက်နက်ကြီးများဖြင့်တိုက်ခိုက်ရာ စစ်​ကောင်စီတပ် ထိခိုက်မှုရှိဟု မြိုင် PDF ​ပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် အသက်ရင်း လုပ်ဆောင်နေချိန်တွင် မိဘပြည်သူများအနေဖြင့် တတ်အားသမျှပူးပေါင်းပါဝင်ကြရန် မြိုင် PDF မေတ္တာရပ်ခံသည်။

ဓာတ်ပုံ - မြိုင် PDF

မကွေးတိုင်း မြိုင်မြို့နယ် ဖလံကိုင်းရေနံမြေ စစ်ကောင်စီတပ်စခန်းကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

ယနေ့(မတ်လ ၁၈ရက်)နံနက် ၃နာရီခန့်က စတင် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ နံနက် ၃နာရီခွဲခန့်တွင် အဖွဲ့သားများအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“စခန်းထဲကို အချက် ၃၀နီးပါး ပေါက်တယ်။အထိ အခိုက်များနိုင်တယ်။ကျွန်တော်တို့ စုံစမ်းနေဆဲပါ”ဟု မြိုင် PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထို့အပြင် မတ်လ ၁၅ရက်က ရေစကြိုမြို့နယ် ဝက်ခုတ်ရွာအနီးတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု လည်း PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ မြိုင်မြို့နယ်အတွင်း အိမ်စီးကားများအနေဖြင့် ည ၈နာရီမှ နံနက်၅နာရီအတွင်း လုံးဝ(လုံးဝ) သွားလာခြင်းမပြုရန် ၊ စစ်ကောင်စီကားများနှင့် အတူသွားလာခြင်းမပြုရန်စစ်ဆေးရေးဂိတ်များတွင်သာ မဟုတ်ပဲ လမ်းတ လျှောက်လုံးမှန်ချမောင်းနှင်ပေးရန် ယနေ့ သတိပေးထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် အသက်ရင်း လုပ်ဆောင်နေချိန်တွင် မိဘပြည်သူများအနေဖြင့် တတ်အားသမျှပူးပေါင်းပါဝင်ကြရန် မြိုင် PDF မေတ္တာရပ်ခံသည်။

အထက်ပါအချက်များကို မလိုက်နာ၍ဖြစ်ပေါ်သော နောက်ဆက်တွဲများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးသည်။

ထို့အတူ စစ်ကောင်စီထောက်တိုင်များဖြစ်သည့်ပျုစောထီးရွာများဖြစ်သော ကန်နီ၊ သရက်ကန်၊ တွင်းမ နှင့် သရက်ကွရွာများအနေဖြင့် စစ်ကောင်စီအားကိုးဖြင့် ပြည်သူများကို နှိပ်စက်နေမှုအား ရပ်တန့်ရန် PDF သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။