News ပြည်သူများကိုပါ ဗုံးကျဲနေသောစစ်ကောင်စီတပ်လေယာဥ်မှူး၁၈ ဦး၏ အချက်အလက်များကို Operation Spitfireက ထုတ်ပြန် ထိုထဲတွင် ရာထူးအကြီးဆုံးနှစ်ယောက်ဖြစ်သည့် စစ်ရာဇဝတ်ကောင် ဒုဗိုလ်မှူးကြီး ဇော်မြင့်ထွန်းသည် မန္တလေးတိုင်း၊ချမ်းအေးသာဇံမြို့နယ်တွင်နေထိုင်ပြီး ဒုဗိုလ်မှူးကြီး ရဲဦးသည် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News ယင်းမာပင်တွင် အဘွားအိုတစ်ဦးနာရေးကို အကြမ်းဖက်စစ်ကောင်စီတပ်က PDFသင်တန်းဟုဆိုကာ ရဟတ်ယာဥ်လေးစင်းဖြင့်လာပစ်ခတ်၍ ဒေသခံများ ထိခိုက်ဒဏ်ရာရ အရပ်သားများထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကိုလတ်တလောတွင် မပြောနိုင်သေးဟု ဒေသခံများကပြောသည်။လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံများ၏နေအိမ်များလည်း ပျက်စီးခဲ့ပြီး အရပ်သားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News ဖားကန့်ရှိ KIAတပ်နေရာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် KIAတပ်မဟာ(၂)၊ တပ်ရင်း (၁၄)နယ်မြေသို့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်လာသည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News ချင်းပုန်းရွာကို အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်လေးစီးဖြင့် စီးနှင်းနေ "ဒီနေ့ မနက်၉နာရီခွဲခန့်က စလို့ Mi 35 နှစ်စီးနဲ့ပစ်ခတ်နေတယ်။မြေပြင် အသေးစိတ် အချက်အလက်ကိုတော့ မရသေးဘူး"ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News စစ်ကောင်စီတပ်များ လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်ပြီး နေအိမ်ပျက်စီးမှု များဖြစ်ဟု KNU ထုတ်ပြန် သေဆုံးခဲ့သူမှာ အသက် ၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားနှစ်ဦး တို့ဖြစ်သည်ဟု ဖော်ပြသည်။ ထို့ပြင်အိမ် ၅လုံး ပျက်စီးခဲ့အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News နတ်တလင်းမြို့နယ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီဘက်မှ လေးဦးသေ၊ PDFရဲဘော်တစ်ဦးအဖမ်းခံရ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ္တလင်းမြို့ နယ် တောင်ညိုစခန်းမှနေ၍ စမ်းကြီးကျေးရွာဘက် စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်ကို Phoniex DF(Nattalin PDF)နှင့် Zegon PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 26, 2022
News စစ်ဘေးဒုက္ခသည်စခန်းကိုစစ်ကောင်စီတပ်ကPDFစခန်းဟုစွပ်စွဲလက်နက်ကြီးဖြင့်ပစ်၍ စစ်ဘေးရှောင်ပြည်သူများထပ်မံထွက်ပြေးနေရ၊ စစ်ရှောင်တစ်ဦးဒဏ်ရာအပြင်းထန်ရ ကလေးမြို့ သံဖိုရွာမှ အရပ်သားများသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရန်ကိုကြောက်၍ ရွာအနီးရှိ ချင်းတောင်ခြေတွင် ယာယီတဲများထိုး၍ ပုန်းရှောင်နေသည်ကို စစ်ကောင်စီက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ပခုက္ကူ-ချောင်းဦးလမ်းပိုင်းတွင် ဆီသယ်ယာဥ်များအား ဆပ်ကြေးကောက်နေသော စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ MA-5 တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News ယောဒေသတိုက်ပွဲတစ်ပါတ်အတွင်းစစ်ကောင်စီတပ် ၂၁ဦးသေ ယောဒေသတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိခဲ့ကြောင်းနှင့်ပြည်သူ့ရဲဘော်များ ဆုတ်ခွာလာရာလမ်းတလျှောက် ပြည်သူများက အောင်သပြေများကမ်းခြင်း၊ သနပ်ခါးပါးတို့ခြင်းဖြင့် ကြိုဆိုဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု PDF-SAWသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News နမ့်မယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ကျော်သေဟု KDF အသိပေး တိုက်ပွဲသည် တစ်နေကုန်နီးပါး ကြာမြင့်ခဲ့သည်အထိပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀ကျော် သေဆုံးနိုင်ပြီး တိုက်ပွဲတွင်း KDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီးသုံးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022