Connect with us

Hi, what are you looking for?

News

CDM ဆရာမအိမ်ဖျက်ဆီးပြန်သွား​သောစစ်​ကောင်စီတပ် လမ်းတွင်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် CDM ဆရာမတစ်ဦး၏နေအိမ်အား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက်ညီနောက်မဟာမိတ်၅ဖွဲ့ကသတင်းထုတ်ပြန်သည်။

(CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ဖျက်ဆီးထားစဥ်။ ဓါတ်ပုံ-မုံရွာ၊အမြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့)

ယ​နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်ပိုင်းကမုံရွာ-အမြင့်လမ်းသို့ကားကြီး(၃)စီး အင်အား(၅၀) ခန့်ဖြင့်ရောက်လာ​ကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်CDMဆရာမတစ်ဦး၏ နေအိမ်အားဝင်ရောက်ဖျတ်ဆီးပြီး ခြိမ်းခြောက်စာများရေးခဲ့ကာ အပြန်တွင် ညောင်ပင်ဇောက်ကျောက်ပေါက်လမ်း၌ ​ဒေသခံပြည်သူ့ကာကွယ်​ရေးညီနောင်မဟာမိတ်(၅)ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ ဦးခန့် မိုင်းများထိမှန်မှုရှိခဲ့ပြီး အသေအပျောက်စာရင်း ကိုမူမသိရှိခဲ့ရကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ဖျက်ဆီးထားစဥ်။ ဓါတ်ပုံ-မုံရွာ၊အမြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့)

ဗန္ဓုလနှင့်အဖွဲ့သားများ ၊Monywa Lighting PDF ၊ Monywa PEREGRINE PDF ၊ Monywa Black Eagle PDF နှင့် Chaung U Local Defence Force မှ ညီနောင်မဟာမိတ်ပြောက်ကျား အဖွဲ့(၅)ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပါရှိသည်။

(CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ဖျက်ဆီးထားစဥ်။ ဓါတ်ပုံ-မုံရွာ၊အမြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့)

ရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာမှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ကာ အိမ်တွင်းပစ္စည်းများ ရိုက်ခွဲ ဖျတ်ဆီးသွားပြီး အုတ်တံတိုင်းနှင့် အိမ်နံရံများတွင် ခြိမ်းခြောက်သည့်စာများ ရေးသွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်းထုတ်ပြန်ထားသည်။

(CDM ဆရာမအိမ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက ဖျက်ဆီးထားစဥ်။ ဓါတ်ပုံ-မုံရွာ၊အမြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့)

အကြမ်းဖက်စစ်ကောင်စီတပ်သည် CDM ဆရာမ၏နေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ်ဝင်းတွင် “လွတ်အောင် ပြေးထား”ဆိုသည့်ခြိမ်းခြောက်စာသားများအပြင် အခြားရိုင်းစိုင်းသည့် စာသားများကိုလည်းရေးသားသွားခဲ့သည်။ အိမ်တွင်းပစ္စည်းများအားလုံး ရိုက်ခွဲဖျတ်ဆီးသွားခဲ့ပြီး ရေခဲသေတ္တာတစ်လုံး နှင့် TVအကြီးတစ်လုံးကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားကြောင်း၊စစ်ကောင်စီတပ်များသည် အပြန်လမ်းတွင်လည်း ညောင်ပင်ဇောက်ကျောက်ပေါက်အနီးအနားရှိ တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှို့သွားပြီး ကျောက်ပေါက်အနီး ဘုံဆိုင်မှ ဆိုင်ရှင်အား ဖမ်းခေါ်သွားကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်