Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ်ဘုရားပျိုရဲစခန်းကို PDF တိုက်ခိုက် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီက ခရမ်းမြို့နယ်အတွင်း သေနတ်သံ ဗုံးသံ ကြားရပါက မြို့အဝင်အထွက်ကို ပိတ်မည်ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် ယင်းမြို့ရှိ လုပ်ငန်းရှင်များကို အစည်းအဝေးပြုလုပ်ကာ ခြိမ်းခြောက်ခဲ့သည်။

ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွားကပြောသည်။

“ညက ဘုရားပျို ရဲစခန်းကို M79 အဝေးပစ်လောင်ချာ ၄၀မမ နဲ့ ပစ်တာပါ၊တစ်ဦးတော့ အရေးပေါ် ကျန်တဲ့ ၄ ဦးထိခိုက်ဒဏ်ရာရပါတယ်။ “ဟု ၎င်းကလူထု​နွေဦးသို့ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ခရမ်းမြို့နယ်အတွင်း သေနတ်သံ ဗုံးသံ ကြားရပါက မြို့အဝင်အထွက်ကို ပိတ်မည်ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် ယင်းမြို့ရှိ လုပ်ငန်းရှင်များကို အစည်းအဝေးပြုလုပ်ကာ ခြိမ်းခြောက်ခဲ့သည်။

“ကျနော်တို့ မြို့ပြည်သူလူထုကို ချိမ်းခြောက်တယ် ပြီးတော့ ရန်တိုက်ပေးတယ် အဲ့ဒီအတွက် ကျနော်တို့က ပြည်သူနဲ့အတူရှိနေတယ် ခြိမ်းခြောက်တိုင်းမကြောက်ဘူးဆိုပြီး သူတို့ရဲ့ စခန်းဖြစ်တဲ့ ဘုရားပျို ရဲစခန်းကို တိုက်ခိုက်တာဖြစ်ပါတယ်” ဟု ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် ခရမ်းမြို့နယ်အတွင်း၌ စစ်အင်အားဖြည့်တင်းမှုများပြုလုပ်ထားပြီး အကြမ်းဖက်စစ်တပ်မှအင်အား ၂၀၀ ကျော် ရောက်ရှိနေသည်ဟု သတင်းရကြောင်း အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းရန်နှင့်ငွေညှစ်ရန် စစ်ကောင်စီ ဖမ်းဆီးသည့် လူငယ် ၈၇ ဦးရှိဟုဆို

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

သတင်း

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၅)မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook