Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ယင်းမာပင်တွင် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်မှုတွင် ဓါးစာခံအဖြစ်ထိန်းသိမ်းခံထားရ​သော မူကြိုကလေးငယ် ၇၀ခန့်ပြန်မလွတ်​သေး

အခြားယင်းမာပင်နယ်ခံ အမျိုးသမီးတစ်ဦးကလည်း “မူကြိုတွေကဖွင့်တယ် အဲဒီမှာက။ အဲဒါ မူကြို ကလေးလေးတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတာ ဆရာမက ၉ယောက်လို့ပြောတယ်” ဟု ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာ အနီးသို့ စစ်ကောင်စီတပ်က ယနေ့မနက်တွင် ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည့်အပြင် မူကြိုကလေးငယ် ၇၀ ခန့် ဓားစာခံအဖြစ် ဖမ်းထိန်းသိမ်းခံထားရ​ကြောင်းယင်းမာပင်နယ်ခံအချို့က ပြောသည်။

ချင်းပုန်းရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်) မနက်က ဒေသကာကွယ်ရေးတပ်(PDF) သင်တန်းဆင်းပွဲ ပြုလုပ်​နေသည်ဆိုကာ စစ်ကောင်စီတပ်က တိုက်​လေယာဥ် ၂ စီး သယ်ယူပို့​ဆောင်​ရေး​လေယာဥ် နှစ်စီးဖြင့် လာရောက်၍ ချင်းပုန်းရွာနှင့်အနီးရှိ ​ညောင်ကိုင်းရွာတို့ကိုတိုက်ခိုက်စီးနင်းကာ စစ်​ကောင်စီတပ်သားများချ​ပေးပြီး ရွာကိုပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

​ညောင်ကိုင်းရွာတွင်​​ဒေသခံအဘွားတစ်ယောက်ဆုံးသဖြင့် နာ​ရေးပြုလုပ်​နေစဥ် လူစုလူဝေးပုံစံဖြစ်​နေချိန်တွင်စစ်​ကောင်စီတပ်က ရဟတ်ယာတ်ယာဉ်လေးစီးဖြင့်လာ​ရောက်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်​ကြောင်း ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

“အမှန်ကအဲ့ဒီမှာ ကျွန်တော်တို့ PDF တွေ မရှိဘူး။ သင်တန်းလည်း မရှိဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က လူထု​နွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

“မြေပြင်သတင်းကြားတာက အရပ်သားတွေ ၄ယောက်လောက် ဆုံးတယ်လို့ ပြောတယ်။ ဒီကောင်တွေ လောလောဆယ် ညောင်ကိုင်း တိုက်နယ်ဆေးရုံထဲမှာ တပ်စွဲထားတယ်လို့ပြောတယ်။ အဲဒီဘက်မှာ ကျောင်းဖွင့်တယ် မူကြိုကလေးလေးတွေ ပိတ်မိနေတယ်လို့ ကြားတယ်” ဟု ​ဒေသခံတစ်ဦးကလည်းစစ်​ကောင်စီတပ်မှပိတ်ဆို့တိုက်ခိုက်ခံရ​သောအ​ခြေအ​နေကိုပြောသည်။

လက်ရှိ အခြေအနေအရအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့၍ မရသည့် အခြေနေဟု ဒေသကာ ကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လူသားတံတိုင်းအဖြစ် မူကြိုကလေးလေတွေ ၇၀လောက်ပိတ်မိနေတယ်လို့ကြားတယ်” ဟု ၎င်း ကဆက်​ပြောသည်။

အခြားယင်းမာပင်နယ်ခံ အမျိုးသမီးတစ်ဦးကလည်း “မူကြိုတွေကဖွင့်တယ် အဲဒီမှာက။ အဲဒါ မူကြို ကလေးလေးတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတာ ဆရာမက ၉ယောက်လို့ပြောတယ်” ဟု ပြောသည်။

စစ်​ကောင်စီတပ်က PDF သင်တန်းဆင်းပွဲဟုဆိုကာ တိုက်ခိုက်ရာတွင် ညောင်ကိုင်းရွာမှ အသုဘတစ်ခုကို မှားယွင်း တိုက်ခိုက်ခဲ့ခြင်းမှာဟုတ်မှန်​ကြောင်း ​အခြားဒေသခံတစ်ဦးကလည်း​ပြောသည်။

“အသုဘပွဲကို လူစုလူဝေးမြင်တာနဲ့ သူတို့က ပစ်တော့တာ။ လူစုစုမြင်ရာကို PDF ပွဲလို့ သူထင်တာကိုး။ အဲဒါကြောင့် ညောင်ကိုင်း အသုဘ ပွဲကို PDF အဖွဲ့ထင်ပြီးတော့ ပစ်တာနေမှာ” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။ ထို့အပြင်ချင်းပုန်း စာသင်ကျောင်းမြောက် ဘက် က အိမ်ကို လက်နက်ကြီးဖြင့် ထု၍ နေအိမ် ၃လုံးခန့် မီးလောင်ကျွမ်းသည်ဟုကြားရကြောင်း ၎င်းက ဆက်​ပြောသည်။

ဓါးစာခံအဖြစ်ထိန်းသိမ်းခံရ​သောက​​လေးငယ်များကို စစ်​ကောင်စီတပ်က ယခုအချိန်ထိ့ ပြန်မလွှတ်​ပေး​သေး​ဘဲ ​ဒေသခံများမှာ က​လေးငယ်များအတွက် စိုးရိမ်​နေကြ​ကြောင်းဒေသခံများက​ပြောသည်။အကြမ်းဖက်စစ်​ကောင်စီတပ်က ပိတ်ဆို့ထား၍ ပိတ်မိ​နေသူများတွင် က​လေးငယ်များအပြင် သက်ကြီးရွယ်အိုများလည်းပါဝင်​ကြောင်း သိ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။