Connect with us

Hi, what are you looking for?

News

ဖားကန့်ရှိ KIAတပ်နေရာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

KIAတပ်မဟာ(၂)၊ တပ်ရင်း (၁၄)နယ်မြေသို့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်လာသည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းရှိရာနေရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း ကချင်ဒေသခံက ပြောသည်။

KIAတပ်မဟာ(၂)၊ တပ်ရင်း (၁၄)နယ်မြေသို့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်လာသည်ဟု ဆိုသည်။

“အထိအခိုက်တော့ မရှိဘူး။ နည်းနည်းကြားမှာ ကျသွားတယ်။ ကြဲတာက တစ်ခါတည်းလာကြဲတာ။ အခုက စစ်ကာလဆိုတော့ အဓိက သတိထားပြီးနေရမှာပေါ့။ KIA စစ်တပ်ပဲ ဖြစ်ဖြစ် ရွာသားတွေပဲဖြစ်ဖြစ် အမြဲတမ်း သတိနဲ့ နေရမယ့်အနေအထားရောက်နေတာပေါ့” ဟု ကချင်ဒေသခံက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင်လည်း ဖားကန့်လမ်းတွင် ပစ်ခတ်သံများကြားနေရပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုလည်း ဗုံးသံတွေကြားနေရတယ်။ ဖားကန့်လမ်းဘက်မှာ။ အခု စကားပြောနေရင်းတောင် လက်နက်ကြီးနဲ့လမ်းထုနေတာ။ ဘယ်ကနေ ဘယ်ကိုပစ်တာလည်းတော့ မသိရသေးဘူး”ဟု ကချင်ဒေသခံက ယနေ့ နေ့လယ် ၁နာရီခွဲခန့်တွင် ပြောသည်။

ယခုလအတွင်း ဖားကန့်၊ ပူတာအိုဒေသများ၌ KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့် ကာမိုင်းရှိ စစ်ကောင်စီဂိတ်ကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။