Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ

မြေပြင်အခြေအနေရ သေဆုံးမှု အချက်အလက်ကိုအတိကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် အထိ့သေဆုံး နိုင်သည်ဟုလည်းပါရှိသည်။ယခုအခါဘန့်ဘွေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား​ကြောင်း TTPDF ကထုတ်ပြန်ထားသည်။

●PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force) က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖေါ်ဝါရီ ၂၅ ရက် ညနေ ၅နာရီခန့်က ဘန့်ဘွေးရွာ တောင်ဘက်၌ နေရာယူထားသော အင်အား ၅၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကိုမုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း – ၃၊ မုံရွာခရိုင် တပ်ရင်း – ၄ နှင့် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂၀ ကျော်နှင့် စက်လက်နက်ငယ်များဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်နက်အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ခုခံစစ်ဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်ပြန်လည်ဆုတ်ခွာရာလမ်းကြောင်းတွင်ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား ကာကွယ်ပစ်ကူပေးခဲ့​သော Chindwin Attack Force မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင် ဒေါနမောင်မောင် (Monywa The Boys) သည် ကျည်ထိ့မှန်ကျဆုံးခဲ့ရသည်။

ယမန်နေ့က တိုက်ပွဲတွင် ပဒေသာသုံးလုံးတွဲမိုင်း ထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လေပေါ်သို့ပျံဝဲသွားကြောင်းယင်းမာပင် အခြေ စိုက် TTPDF တပ်ဖွဲ၀င်တစ်ဦးက​ပြောသည်။

အလားတူ တာဝေးပစ်လက်နက်ကြီးပစ်ပစ်ခက်မှုမှာလည်း ၆ လုံးပစ်ခက်ရာ ၂ လုံးထိမှန်သည်ဟုလည်း TTPDF ကထုတ်ပြန်သည်။

မြေပြင်အခြေအနေရ သေဆုံးမှု အချက်အလက်ကိုအတိကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် အထိ့သေဆုံး နိုင်သည်ဟုလည်းပါရှိသည်။ယခုအခါဘန့်ဘွေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား​ကြောင်း TTPDF ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။