Connect with us

Hi, what are you looking for?

News

သုံးရက်ဆက်ထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးတယ်လို့ KNU ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၃ ရက်ညနေပိုင်းက ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းမတစ်လျှောက်မှာ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA တပ်မဟာ ၁ တပ်ရင်း ၁ တပ်ဖွဲ့ဝင်တွေက လေးကြိမ်မိုင်းဆွဲ တိုက်တိုက်ခိုက်ခဲ့ပါတယ်။

ကေအဲန်ယူ သထုံခရိုင် ဖားအံမြို့နယ်ထဲမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတို့အကြား သုံးရက်ဆက်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးသွားခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဖားအံမြို့နယ် KNLA တပ်ရင်း ၁ နယ်မြေအတွင်း ဆယ်ကြိမ်ထက်မနည်းထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ စစ်ကောင်စီရဲ့ ကားခုနှစ်စီး ပျက်စီးသွားခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ကေအဲန်ယူကဆိုပါဆယ်။

ဖေဖော်ဝါရီလ ၂၃ ရက်ညနေပိုင်းက ဖားအံမြို့နယ်၊ ဝါးဘိုးတော-ကမမောင်း လမ်းမတစ်လျှောက်မှာ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA တပ်မဟာ ၁ တပ်ရင်း ၁ တပ်ဖွဲ့ဝင်တွေက လေးကြိမ်မိုင်းဆွဲ တိုက်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

အဲ့ဒီနေ့မှာ ထိတွေ့ပစ်ခတ်မှု လေးကြိမ်အနက် သုံးကြိမ်မှာ ထိခိုက်သေဆုံးမှုမသိရပဲ ညနေ ၇ နာရီဝန်းကျင်က ထိတွေ့မှုမှာတော့စစ်ကောင်စီဖက်မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ကားနှစ်စီးပျက်စီသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့မှုအရသိရပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က KNLA တပ်ရင်း ၁ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ငါးကြိမ်ထက်မနည်းရှိပြီး စစ်ကောင်စီဖက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် ၁၀ ဦးသဆုံးကာ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကားလေးစီးပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဖေဖော်ဝါရီ ၂၅ရက်ကလည်း KNLA တပ်မဟာ ၁ တပ်ရင်း ၁ နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ KNLA တပ် ထိတွေ့မှု ၂ ကြိမ် ထပ်မံဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဖက်မှ ခုနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။