Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင် အဘွားအိုတစ်ဦးနာ​ရေးကို အကြမ်းဖက်စစ်​ကောင်စီတပ်က PDFသင်တန်းဟုဆိုကာ ရဟတ်ယာဥ်​လေးစင်းဖြင့်လာ​ပစ်ခတ်၍​ ဒေသခံများ ထိခိုက်ဒဏ်ရာရ

အရပ်သားများထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကိုလတ်တလောတွင် မပြောနိုင်သေးဟု ဒေသခံများကပြောသည်။​လေ​ကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံများ၏နေအိမ်များလည်း ပျက်စီးခဲ့ပြီး အရပ်သားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

(အရပ်သားများအား လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ် တစ်စီး။ ဓါတ်ပုံ-CJ)

ယင်းမာပင်မြို့နယ်တွင် ဒေသခံအဘွားအိုတစ်ဦး၏နာရေးအခမ်းအနားပြုလုပ်​နေသည်ကို PDF သင်တန်း ဆင်းပွဲဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ် ​လေးစီးဖြင့် လာရောက်ပစ်ခတ်သဖြင့်​ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့( ဖေဖေါ်ဝါရီ ၂၆ ရက်) နံနက်၉နာရီခန့်ကယင်းမာပင်မြို့နယ်၊ညောင်ကိုင်းနှင့် ချင်းပုန်းကျေးရွာပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ လာ​ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဘွားတစ်ယောက်ဆုံးတာ။ ဘုန်းကြီးကို သွားပင့်နေချိန် လူစုလူဝေးပုံစံဖြစ်သွားတာကို ရယာတ်ယာဉ်လေးစီးနဲ့ လာပစ်တာ” ဟု ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

“အမှန်ကအဲ့ဒီမှာ ကျွန်တော်တို့ PDF တွေ မရှိဘူး။ သင်တန်းလည်း မရှိဘူး”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ညောင်ကိုင်းတပ်နယ်ဆေးရုံတွင် တပ်စွဲထားပြီး ယခုကဲ့သို့ လာ​ရောက်အကြမ်းဖက်တိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။

အရပ်သားများထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကိုလတ်တလောတွင် မပြောနိုင်သေးဟု ဒေသခံများကပြောသည်။​လေ​ကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံများ၏နေအိမ်များလည်း ပျက်စီးခဲ့ပြီး အရပ်သားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းမာပင်မြို့သည် စစ်အာဏာရှင် ဆန့်ကျင်ရာတွင် လက်နက်ကိုင်တော်လှန်ရေးတွင်ရော လူထုသပိတ်တွင်ပါ အားကောင်းနေသည့်​ဒေသဖြစ်သည်။ ထို​ကြောင့်စစ်ကောင်စီက အကြောက်လွန်ကာ ယခုကဲ့သို့မှားယွင်းတိုက်ခိုက်ခြင်းဟု ဒေသခံများက​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။