Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီနဲ့ပျုစောထီးတို့ မီးတင်ရှို့ခဲ့တဲ့ နှမစားရစ်ရွာ

သက်ကြီးပိုင်းအချို့တော့ မပြေးနိုင်တဲ့အတွက် ရွာမီးရှို့ခံရချိန်မှာ မီးလောင်သေဆုံးတာတောင်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ နှမစားရစ်ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီးတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မီးတင်ရှို့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားခဲ့ရပါတယ်။

နှမစားရစ်ရွာဟာ အိမ်ခြေ ၆၀၀ လောက်ရှိပြီး ရွှေဘိုမြို့အနောက်ဘက် ငါးမိုင်လောက်အကွာမှာ တည်ရှိတာပါ။

ရွှေဘိုမြို့နဲ့ ရေဦး မြို့ကိုဆက်သွယ်ထားတဲ့ ကားလမ်းဘေးကနေ တစ်မိုင်သာသာအကွာမှာ တည်ရှိတဲ့ ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။

အဲဒီရွာကို ဖေဖော်ဝါရီလ ၂၅ ရက်မနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီး တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံအချို့ရဲ့ပြောပြချက်တွေအရ ရွာကိုမဝင်မီ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အရင်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်မှုတွေကြောင့် ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို အသည်းအသန်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မပြေးနိုင်ဘဲ ရွာထဲ ပုန်းအောင်းနေသူတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်တာတွေ လည်းရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

သက်ကြီးပိုင်းအချို့တော့ မပြေးနိုင်တဲ့အတွက် ရွာမီးရှို့ခံရချိန်မှာ မီးလောင်သေဆုံးတာတောင်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာကို စစ်ကောင်စီတပ်နဲ့ပျုစောထီးတွေ ဝင်ရောက်စီးနင်းဖို့ကြိုးပမ်းချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် ကျဆုံးခဲ့တယ်လို့သိရပါတယ်။

နှမစားရစ်ရွာမှာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် PDF တပ်ဖွဲ့ဝင်တွေအပါအဝင်အသတ်ခံရသူနဲ့ မီးလောင်သေဆုံးရသူဦးရေဟာ မြေပြင်သတင်းတွေအရ စုစုပေါင်း ၁၈ ဦးနီးပါးရှိနေပါတယ်။

သေဆုံးသူအများအပြား ရှိနိုင်သေးတယ်လို့လည်း ဒေသခံအမျိုးသမီးငယ်က ပြောပါသေးတယ်။

ရွာမီးရှို့ခံရတာကတော့ အိမ်ခြေ ၅၀၀ လောက်ပြာကျသွားပါတယ်။ လက်ရှိအခြေအနေဟာ ပြန်စရာအိမ်တောင်မရှိတော့ဘူးလို့ နှမစားရစ်ရွာ ဒေသခံအမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ကို ခုခံတော်လှန်မှုအမြင့်မားဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းကို ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းနေတာဖြစ်ပါတယ်။ ရွာတွေကို မီးရှို့တာ၊သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတာပါ။

လူမှုကွန်ရက်မှာ ပျံနှံလာတဲ့ ရုပ်သံဖိုင်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ ဘက်တံဆိပ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခုခံမှုမရှိတဲ့ ရွာတစ်ရွာကို ဝင်စီးတဲ့အချိန် တစ်ရွာလုံးကို မီးလောင်တိုက်သွင်းမယ်လို့ အော်ဟစ်ကြုံးဝါးနေတာတွေ တွေ့ရပါတယ်။

မြေပြင်မှာလည်း ရွာတွေကို မီးတင်ရှို့တာတွေလုပ်နေပြီး စစ်ကိုင်းတိုင်း အတွင်းမှာ အိမ်ခြေ ၃၀၀၀ ထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။