သတင်း စစ်တပ်မြို့တော် မိတ္ထီလာမှာ ရေမီတာတွေ ဖြုတ်ခိုးခံနေရ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 28, 2026
အတွေးအမြင် ရက်စက်ယုတ်မာမှုစံချိန် အခါခါချိုးနေတဲ့ လက်မရွံ့စစ်တပ် လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။ ludunwayooဩဂုတ် 27, 2026
သတင်း စစ်တပ်က ပလက်ဝမြို့နယ်ကို သုံးရက်ဆက်လေယာဉ်အုပ်နဲ့ ဗုံးကြဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ် အုပ်လိုက်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား၊ ထိခိုက်သေဆုံးမှုတွေ ဆယ်နဲ့ချီ ရှိနေပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း တောင်တွင်းဒေသတိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ၊ ခဲယမ်းတွေ သိမ်းရတယ်လို့ မင်းကင်း ပကဖပြော စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း ဧရာဝတီတိုင်းမှာ ရေကာတာတွေရေယိုနေမှု လူမှုကွန်ရက်ပေါ်တင်ဖြန့်ဝေသူ အရေးယူမယ်လို့ စစ်တပ် ခြိမ်းခြောက် ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း မြင်းခြံမြို့နယ်၊စံပြရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေသိမ်းယူ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံကပြောပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း သရက်ချောင်းမြို့နယ်က ဒေသခံတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ စစ်တပ် သိမ်းယူ၊ နေအိမ်တွေ မီးရှို့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း ရသေ့တောင်က စစ်တပ်ဗုံးကြဲတဲ့နေရာအနီးက နွားတွေ ရုတ်တရက် သေဆုံးနေ မသင်္ကာဖွယ်ရာဖြစ်ရပ်အဖြစ် သတ်မှတ်ပြီး စစ်ဆေးနေကြောင်း AA ကျန်းမာရေးဌာန ထုတ်ပြန် ludunwayooဩဂုတ် 27, 2026
သတင်း စစ်တပ်ကို အရေးယူမှုတွေ တိုးမြှင့်ဖို့ ဩစတြေးလျအစိုးရကို FSU တိုက်တွန်း အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။ ludunwayooဩဂုတ် 27, 2026
သတင်း မြိတ်မြို့နယ်က တုံးဗျောရွာစစ်တပ်စခန်း KNDO တိုက်ခိုက်မှု စစ်သားတွေ လက်နက်ထား ထွက်ပြေး တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 27, 2026