Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီးကစစ်တပ်ရဲ့ကာကင်းစခန်းတချို့ကို ကရင်နီပူးပေါင်းတပ်သိမ်းပိုက်

စစ်သားအများအပြား​သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိ

(မိုးဗြဲနယ်မှ တော်လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့အမှတ် (၁) အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)မှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို စစ်သင်တန်းမှာ​တွေ့ရစဥ်။ ။ဓါတ်ပုံ-အမှတ် (၁) အယ်လ်ဖာစစ်ဒေသ-မိုးဗြဲနယ်)

အောက်တိုဘာ-၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးက အာဏာ သိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကိုပြောပါတယ်။

မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်ကာကင်းတွေကို အောက်တိုဘာ ၇ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအောက်တိုဘာ ၈ ရက်မှာအဲဒီကာကင်းတွေ ကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သုံ့ပန်းအချို့ဖမ်းဆီး ရရှိခဲ့တယ်လို့သိရပါတယ်။

“စစ်တပ်ဘက်က ၇၀ လောက် သေတယ်။ဖမ်းမိတာလည်း များတယ်။အသေးစိတ်တော့ မသိရသေးဘူး။ဒါပေမယ့်လေးယောက်ထက်မနည်းဘူး”လို့ မိုးဗြဲမြို့ ‌ခံစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာ ကြောင့် မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်း စစ်ရေး အခြေအနေပေါ်မူတည်ပြီး သိမ်းရတဲ့ ကာကင်းစခန်း နေရာတွေကို မဖော်ပြဖို့ သူက တောင်းဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ဖယ်ခုံမြို့နယ်အခြေစိုက် တပ်ရင်းထိုင်ထားတဲ့ ကာကင်းစခန်းကို ကရင်နီတော်လှန်ရေးတပ်(ကရင်နီလို့ မူရင်းဖော်ပြထား)တွေက တိုက်ခိုက်နေပြီး လေယာဉ်နဲ့ဗုံးတွေကြဲပေးဖို့ စစ်တပ်ဝါဒဖြန့်သူတချို့က လူမှုကွန်ယက်တွေမှာ ​အောက်တိုဘာ ၈ ရက်​နေ့က ဖြန့်ဝေထားပါတယ်။

“အထိနာပြီဆို လေယာဉ် နဲ့က တောက်လျှောက်ပဲလေ။နှစ်စီးနဲ့ကိုလာကြဲတာ။မနေ့က ကောင်းဆောင်သုံးထပ်ကွေ့နားက ပြောင်း ရောင်းတဲ့ နေရာကို ဗုံးကြဲတာ ပြည်သူနှစ်ဦး သေသွားတယ်။ညကလည်း Y 12 နဲ့ လာကြဲသေးတယ်”လို့ ရှမ်းတောင်အခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်းလွယ်ဝိုင်း နဲ့ လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကိုထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

“လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့ကဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောထားပါတယ်။

ဒါကြောင့် မိုးဗြဲမြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ လေးလအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုငါးကြိမ်ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကသေဆုံးထိခိုက်မှုတွေများပြီးမိုးဗြဲ မြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။အခုရက်ပိုင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း မိုးဗြဲ PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ဆက်လက်ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။