သတင်း ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က အမွှာကလေးငယ်အပါအဝင် နှစ်ဦးပစ်သတ်ပြီး မိခင်နှင့်ကျန်ကလေးငယ်ကို ဖမ်းဆီး စစ်ကောင်စီတပ်သည် ကလေးမိခင်မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦးအပါအဝင် အိမ်နီးချင်းအမျိုးသားတစ်ဦးပါ ဖမ်းဆီးသွားကြောင်း၊ သေဆုံးကလေးငယ်၏ ရုပ်အလောင်းကိုလည်း ယူဆောင်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ်မီးဖြန့်ဝေမှု စစ်ကောင်စီကထပ်မံလျှော့ချမည်ဟုဆို လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း လတ်ခတ်တောင် စစ်ကောင်စီတိုက်လေယာဉ်ဖြင့်ဗုံးကြဲရာ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီး တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အထိနာခဲ့ရာ ယနေ့တွင်လည်း ထပ်မံ၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ဗန်းမော်မြို့နယ် မြလယ်ရွာအနီး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ယနေ့ (ဩဂုတ် ၁၈ရက်) နံနက် ၄နာရီခွဲတွင် တစ်ကြိမ်၊၄နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ် တိုက်လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေ၌ စစ်ကောင်စီရထား မိုင်းဆွဲတိုက်ခိုက်ခံရ၍ ပျက်စီး စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ရွှေဘိုမြို့အဝင်၌ ရိက္ခာတင်ယာဥ်နှင့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ မြို့အထွက်ဂိတ်အပါအဝင် ရွှေဘိုမြို့ရှိ စစ်ကောင်စီ စစ်ဆေးဂိတ်များမှာ ပြည်သူများအားစစ်ဆေး ငွေတောင်းခံမှုများ ပြုလုပ်နေပြီး မော်တော်ကားနှင့်ဆိုင်ကယ်များအား မတရားဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ဖားကန့်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီနှင့် SNA ပစ်ခတ်၍ ပြည်သူခုနစ်ဦး ဒဏ်ရာရ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာစျေးတန်းအတွင်းသို့ သံယောဇဉ်ကုန်းပေါ်၌ တပ်စွဲနေသည့် SNAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံရွာသူ ရွာသား ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ အသိပေး ဖော်ပြသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ဘုတလင်နယ်ရှိ ကျေးရွာများမီးရှို့နေ၍ မြို့ပေါ်ရှိ စစ်ကောင်စီရုံးနှစ်ရုံး ဗုံးချတိုက်ခိုက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပူးပေါင်းတပ်ဖွဲ့၀င်များအထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီတပ်က ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တွင် ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၀၀ သေ၊ လက်နက် ၂၆လက်ရဟု NUG အသိပေး နွေဦးတော်လှန်ရေးကာအတွင်း အင်အားပြုန်းတီးမှု သုံးသောင်းကျော်ရှိခဲ့၍ စစ်ကောင်စီက ၎င်းတို့၏ ထောက်ပို့တပ်နှင့် နည်းပညာတပ်ရင်းများကိုပင်ရှေ့တန်း၌ အသုံးချနေသည်ဟု ပြောသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ဖရူဆိုမြို့ရှိ”သနားခြင်းမယ်တော်”ဘုရားကျောင်းစစ်ကောင်စီ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက် ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီက ဩဂုတ် ၁၂ ရက် ည ၈နာရီခန့်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဩဂုတ် 18, 2023