Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်က ၄နာရီခန့်ကြာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ

ကနီမြို့နယ်အတွင်း အင်အား ၃၀၀ခန့်ဖြင့်လာရောက်သည့် စစ်ကြောင်းမှ အင်အား ၁၀၀ခန့်မှာ ယမန်နေ့(ဩဂုတ် ၁၈ရက်) နေ့လယ်တွင် နွားခြံကုန်းကျေးရွာဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော ကနီနယ်ရှိ ‌ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော ကနီနယ်ရှိ ‌ဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာတွင် ယမန်နေ့(ဩဂုတ် ၁၈ရက်)က ၄နာရီခန့်ကြာဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲဝင်ရဲဘော်များက People’s Spring သို့ ပြောသည်။

ကနီမြို့နယ်အတွင်း အင်အား ၃၀၀ခန့်ဖြင့်လာရောက်သည့် စစ်ကြောင်းမှ အင်အား ၁၀၀ခန့်မှာ ယမန်နေ့(ဩဂုတ် ၁၈ရက်) နေ့လယ်တွင် နွားခြံကုန်းကျေးရွာဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးဟာမိတ်နှစ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” နွားလဘို့ရွာဖက်ကို ထွက်မယ့်အနေအထားနဲ့ ရွာရဲ့ ကွန်ကရစ်လမ်းမပေါ် ဒီအတိုင်း တက်ချလာတာ။ ကျွန်တော်တို့က ကင်းပုန်းဝပ်နေတာကို ဒီကောင်တွေ မသိတာ။ ကျွန်တော်တို့ဘက်ကနေ လှိမ့်တွယ်တာ”ဟု KLG – PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

နွားခြံကုန်းရွာအနီးတိုက်ပွဲသည် ညနေ ၃နာရီခွဲခန့်မှစတင်ခဲ့ပြီး ည ၇နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဝင်ခဲ့သည့် ကနီမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ဘက်က တစ်ဦးပဲဒဏ်ရာရတယ်။ ခွေးတွေဘက်ကတော့ တော်တော် ထိတယ်။ ဒီကောင်တွေ ရွာထဲပြန်ဝင်သွားတယ်။ သူတို့ ပိတ်ပစ်ခံရပြီးတဲ့နောက်ပိုင်း နမခကနေ လက်နက်ကြီး အလုံး ၂၀ကျော် ပစ်တာ”ဟု အဆိုပါ ရဲဘော်က ပြောသည်။

မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေအထိ အဆိုပါကျေးရွာထဲ၌ပင် ရှိနေသေးသည်။

ကနီနယ်သို့ ယခုဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ် ၁၇ရက်တွင် ယင်းမာပင်မြို့နယ်အတွင်း အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် ကနီနှင့် ယင်းမာပင်မြို့နယ်စပ်တလျှောက်ရှိ ကျောက်ကုန်း၊အင်းပက်၊ နွားခြံကုန်း၊ ကျောက်မှော်၊ ကြက်လျှာရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။