Connect with us

Hi, what are you looking for?

သတင်း

ရွှေတစ်ကျပ်သား ကျပ် သိန်း ၄၀ နှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ အထိရှိလာ၊ စစ်​ကောင်စီက ​ဒေါ်လာနှင့်​ရွှေ​ရောင်းဝယ်သူအချို့ကို ဖမ်းဆီး

ယနေ့ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၉၈၅,၀၀၀မှ ကျပ် သိန်း ၄၀ အထိ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၉၀၀မှ ကျပ် ၄၀၀၀ ကြား ပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ရွှေတစ်ကျပ်သား ကျပ် သိန်း ၄၀ နှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ အထိရှိလာ
ရွှေတစ်ကျပ်သား ကျပ် သိန်း ၄၀ နှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ အထိရှိလာ

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ခန့်နှင့် တစ်ဒေါ်လာကို ကျပ် ၄၀၀၀ အထိ မြင့်တက်လာပြီးနောက် ရွှေနှင့်ငွေလဲလုပ်ငန်းရှင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရသည်။

ယခုရက်ပိုင်းရွှေနှင့်ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီးနောက်ယ​နေ့ ( ဩဂုတ် ၁၉ ရက် )တွင် စစ်​ကောင်စီ ​​ထောက်လှမ်း​ရေးက လိုက်လံဖမ်းဆီး​နေ​သော​ကြောင့်ဈေးကွက်မဖွင့်နိုင်ဘဲ၊ ရွှေနှင့်ငွေလဲလုပ်ငန်းဆောင်ရွက်သူအချို့ကို ဖမ်းဆီးခံ​ခဲ့ရ​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ယနေ့ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၉၈၅,၀၀၀မှ ကျပ် သိန်း ၄၀ အထိ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၉၀၀မှ ကျပ် ၄၀၀၀ ကြား ပေါက်ဈေးရှိနေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ရွှေတစ်ကျပ်သား ကျပ် သိန်း ၄၀ နှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ အထိရှိလာ
ရွှေတစ်ကျပ်သား ကျပ် သိန်း ၄၀ နှင့် တစ်ဒေါ်လာ ကျပ် ၄၀၀၀ အထိရှိလာ

“ဈေးကွက်ထဲမှာတော့ ပေါက်ဈေးက မျိုးစုံပြောနေကြတယ်။ဒီနေ့ဆို အဖမ်းအဆီးများလို့ ဈေးကွက်ကိုမဖွင့်နိုင်ဘူး။ ပါးစပ်ဈေးပဲရှိတယ်”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဈေးကွက်အတွင်း ဒေါ်လာဈေးနှင့် ငွေလဲဈေးနှုန်းကို လူမှုကွန်ယက်များပေါ်တွင် တင်ပေးသူများကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ စစ်ကောင်စီကဖမ်းဆီးသူများသည် ရွှေဈေးနှင့်ဒေါ်လာဈေးတင်သူအများစုဖြစ်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။

“ဈေးတွေတက်တာ အွန်လိုင်းမှ ဈေးနှုန်းတွေတင်လို့ ဒီကောလဟာလတွေကြောင့်ဈေးတက်တယ်လို့ သူတို့ (စစ်ကောင်စီ)က ထင်နေတယ်”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်လာရခြင်းမှာ စစ်ကောင်စီ၏ ကျပ်ငွေနှစ်သောင်းတန် အသစ်ထုတ်ဝေခြင်းနှင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများကြောင့်ဖြစ်သည်ဟု ရန်ုကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှငတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။