Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပိတ်မိပြီး အထိနာ

မြေပြင်ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။ ယနေ့ တိုက်ခိုက်ခံရသော စစ်ကြောင်းသည် ထီးချိုင့်မြို့ပေါ်မှ ဆင်းလာပြီး ကွင်းကြီးကျေးရွာသို့ ဝင်ရောက်ရန်ပြင်ဆင်နေစဉ် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)

▪️စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ကူခဲ့ရဟုဆို

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ယနေ့(ဩဂုတ် ၂၀ရက်) နံနက်က ဖြစ်ပွားသောတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပိတ်မိခဲ့ပြီးအထိနာ၍ တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ကူခဲ့ရကြောင်း သတင်းရရှိသည်။

ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတောင်ရိုးတွင် ယနေ့ နံနက် ၇နာရီခန့်ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အင်အား ၆၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“စစ်ကြောင်းကို ပိတ်ဆော်တာ။ အလောင်းကိုးလောင်း ရထားတယ်။ ခြင်းကျားတွေလည်းရတယ်။ ၁၁နာရီလောက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လာပစ်သွားတယ်”ဟု ထီးချိုင့်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်လေယာဉ် ဂျက်ဖိုက်တာနှစ်စီးသည် မြစ်ကြီးနားလေဆိပ်မှ တက်လာပြီး ကွင်းကြီးရွာပတ်ဝန်းကျင်ကို ပစ်ခတ်သွားခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် လက်ရှိအချိန်အထိ ကွင်းကြီးရွာအနီး၌ရှိနေသေးပြီး ‌KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။

မြေပြင်ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။ ယနေ့ တိုက်ခိုက်ခံရသော စစ်ကြောင်းသည် ထီးချိုင့်မြို့ပေါ်မှ ဆင်းလာပြီး ကွင်းကြီးကျေးရွာသို့ ဝင်ရောက်ရန်ပြင်ဆင်နေစဉ် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။