Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရ

ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၅ကြောင်းခွဲဝင်ပြီး နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)
(မိုးကုတ်မြို့အဝင်တစ်နေရာတွင် Red Wolves Of Mogok အဖွဲ့ဝင်ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-Red Wolves Of Mogok)

▪️စစ်တပ်က PDFဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင် လှုပ်ရှားနေဟုဆို

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က PDF ဝတ်စုံများဝတ်ဆင်ပြီးအယောင်ဆောင်ကာ လှုပ်ရှားနေကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၅ ရက် နံနက် ၁၀နာရီခန့်က မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များ အထိုင်ချနေသည့် ကျပ်ပြင်ရဲစခန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနောက်ဘက်ရှိ တောအုပ်၊ ရွှေမြင်းဝင်းကျောင်းရှိဘန်ကာ စသည့်နေရာ သုံးခုအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကြောင်း ၅ကြောင်းခွဲဝင်ပြီး နာရီဝက်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“သုံးနေရာတပြိုင်တည်းတိုက်တာပါ။သုံးနေရာလုံး သိပ်မဝေးပါဘူး။”ဟု Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဖြစ်တာက မိုးကုတ်မြို့နယ်အနောက်ခြမ်းမှာ ဆော်တာ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၂၂၁)၊ Red Wolves Of Mogok နှင့် တပ်ရင်း (၁၂၂၃) ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

မိုးကုတ်မြို့ ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများသည် PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေကြောင်း Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားစေလိုပြီး ယူနီဖောင်းဝတ် မည်သည့်စစ်သားမဆို သေချာလေ့လာဆန်းစစ်‌၍ ဆက်ဆံကြပါရန် Red Wolves Of Mogok အဖွဲ့က အထူးသတိပေးထားသည်။

ထို့အပြင် ပြည်သူများအား ထိခိုက်နစ်နာစေမည့် အလုပ်မျိုးကို PDFအဖွဲ့များက လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ရှိပါက (Red Wolves Of Mogok) pageသို့ သတင်းပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။