Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ၊ တပ်ကြပ်ကြီးတစ်ဦး ဖမ်းမိထား

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ယနေ့ နံနက်က တိုက်ပွဲတွင် စစ်ကောင်စီ​၏ တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

(ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
(ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာတွင် ယနေ့(ဩဂုတ် ၂၀ရက်)နံနက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး တပ်ကြပ်တစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့သည်။

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ယနေ့ နံနက်က တိုက်ပွဲတွင် စစ်ကောင်စီ​၏ တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

“နွားခြံကုန်းနဲ့ ကျောက်မှော်ရွာနားမှာ နှစ်ယောက် မိတာဗျ။ တစ်ယောက်က ပြန်ခုခံပြေးလို့ ပစ်လိုက်ရတာ။ ဖမ်းမိထားသူဆီမှာ စာရွက်စာတမ်းတချို့လည်းပါတယ်”ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်

Public Service Announcement
Public Service Announcement

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်ကလည်း ၄နာရီခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသေးစားဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

မြေပြင်အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ၌ပင် တပ်စွဲထားသည်။ ထို့နောက် မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှနေ၍ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်။

ယနေ့တိုက်ပွဲတွင်လည်း ထပ်မံအထိနာသွားသောကြောင့် မုံရွာ(နမခ)မှ လက်နက်ကြီးများ ပစ်ကူပေးနေပြီး လတ်တလောစစ်ရေးအခြေအနေကြောင့် ကနီနှင့် ယင်းမာပင်မြို့နယ်စပ်တလျှောက်ရှိ ကျောက်ကုန်း၊အင်းပက်၊ နွားခြံကုန်း၊ ကျောက်မှော်နှင့် ကြက်လျှာကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။