Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ၊ တပ်ကြပ်ကြီးတစ်ဦး ဖမ်းမိထား

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ယနေ့ နံနက်က တိုက်ပွဲတွင် စစ်ကောင်စီ​၏ တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

(ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
(ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာတွင် ယနေ့(ဩဂုတ် ၂၀ရက်)နံနက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး တပ်ကြပ်တစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့သည်။

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ယနေ့ နံနက်က တိုက်ပွဲတွင် စစ်ကောင်စီ​၏ တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

“နွားခြံကုန်းနဲ့ ကျောက်မှော်ရွာနားမှာ နှစ်ယောက် မိတာဗျ။ တစ်ယောက်က ပြန်ခုခံပြေးလို့ ပစ်လိုက်ရတာ။ ဖမ်းမိထားသူဆီမှာ စာရွက်စာတမ်းတချို့လည်းပါတယ်”ဟု အဆိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်

Public Service Announcement
Public Service Announcement

နွားခြံကုန်းကျေးရွာတွင် ဩဂုတ် ၁၈ရက်ကလည်း ၄နာရီခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသေးစားဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

မြေပြင်အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ၌ပင် တပ်စွဲထားသည်။ ထို့နောက် မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှနေ၍ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်။

ယနေ့တိုက်ပွဲတွင်လည်း ထပ်မံအထိနာသွားသောကြောင့် မုံရွာ(နမခ)မှ လက်နက်ကြီးများ ပစ်ကူပေးနေပြီး လတ်တလောစစ်ရေးအခြေအနေကြောင့် ကနီနှင့် ယင်းမာပင်မြို့နယ်စပ်တလျှောက်ရှိ ကျောက်ကုန်း၊အင်းပက်၊ နွားခြံကုန်း၊ ကျောက်မှော်နှင့် ကြက်လျှာကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။