သတင်း မွန် MSDF-S တပ်ဖွဲ့ ပထမဆုံးစစ်ဆင်ရေးအဖြစ် ခေါဇာရဲစခန်းကို ဝင်တိုက်၊ ရဲများသေဆုံးထိခိုက်ရှိ စက်တင်ဘာ ၁ရက် နံနက် ၆နာရီတွင် ဆင်ဖြူစစ်ဆင်ရေးအမည်ဖြင့် ခေါဇာမြို့ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 1, 2022
သတင်း ရွှေဘိုမြို့ရှောင်လမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး သုံးဦးသေဟုဆို ထို့ကြောင့် စစ်ကောင်စီတပ်များအနီးတွင် နေထိုင်ခြင်းမပြုရန် ထပ်မံသတိပေးတောင်းဆိုအပ်ကြောင်း BLACK WOLF - PDFက ရေးသားထားသည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း ပျံလွှားစစ်ဆင်ရေးအဖြစ် နှစ်ရက်အတွင်း ဘီးလင်းနှင့် သထုံနယ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ စစ်ကောင်စီတပ်နှင့် စစ်ယာဉ်တန်းများကို တိုက်ခိုက် ဩဂုတ် ၂၈ရက်တွင်လည်း ဘီးလင်းမြို့အနီးရှိ စစ်ကောင်စီအမြှောက်တပ်အား ဝေဟင်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုကို မသိရသေးကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း ရသေ့တောင် ရေစိုးချောင်းဗျူဟာကို အင်အားဖြည့်သည့် စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက် ဩဂုတ် ၂၆ရက်ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည့် မောင်တောမြောက်ပိုင်း ခမောင်းဆိပ် ဗျူဟာတွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ရခိုင်ဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း ထားဝယ်မြို့ လဝကရုံးနှင့် ကညနရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် လဝကရုံးတွင် ပွဲစားလုပ်နေသည့် ယာဉ်ထိန်းရဲဟောင်း ညွှန့်ရွှေအား ပစ်ခတ်ခဲ့ပြီးနောက် ကညနရုံးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရုံးလုပ်ငန်းများလည်ပတ်ကာ ဝင်ငွေရှာပေးနေသော ရုံးဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း အင်္ဂဘိုရွာ သင်္ချိုင်းကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု KRF အသိပေး ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ကောလင်းနယ်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၍ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ရသည့် မှတ်တမ်းများ ထုတ်ပြန် သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မှိုရှာထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တစ်ဦးသေဟုဆို အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း - ၁ (Royal Eagle PDF)က ဆိုသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ထီးချိုင့်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၈ဦးထက်မနည်းသေဟုဆို စစ်ကောင်စီတပ်များသည် သခွတ်ချောင်ရွာ၌ ယမန်နေ့ညက စခန်းချပြီး ယနေ့နံနက်တွင် ထီးချိုင့်မြို့သို့ ပြန်ဝင်သွားကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက် ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 30, 2022