Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၈ဦးထက်မနည်းသေဟုဆို

စစ်ကောင်စီတပ်များသည် သခွတ်ချောင်ရွာ၌ ယမန်နေ့ညက စခန်းချပြီး ယနေ့နံနက်တွင် ထီးချိုင့်မြို့သို့ ပြန်ဝင်သွားကြောင်း ဖော်ပြထားသည်။

(ထီးချိုင့်​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ များ​၏မဟာမိတ် တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)
(ထီးချိုင့်​ဒေသရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ များ​၏မဟာမိတ် တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)

▪️စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝန်းပတ်ပိတ်ဆိုထားရာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပစ်ကူပေး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း Tigyaing Revolutionက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက်မနက်က အင်းတော်မြို့နယ် ပိန္နဲကုန်းရွာမှ ပြန်ဆုတ်လာပြီး ထီးချိုင့်မြို့နယ် လေသာရွာတွင် ညအိပ်ခဲ့သည့် စစ်ကောင်စီတပ် ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ရာမှ ပြန်ဆုတ် သွားပြီး ကန်ပေါက်ရွာသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ခဲ့၍ ဒေသခံ ရွာသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကန်ပေါက်ရွာအနောက် သရက်ကိုင်းစုအရပ်တွင် ပိတ်မိသွားရာ မြစ်ကြီးနားလေတပ်မှ တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၉ရက် နေ့လည်ပိုင်းက ကန်ပေါက် နှင့် ပျဉ်းစုရွာကြားသို့ ဗုံး၁၆လုံးခန့် ကြဲချပြီး ပိတ်မိစစ်ကြောင်းကိုထွက်ခွာနိုင်အောင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကာကွယ်ရေး အဖွဲ့များ ၊ပြည်သူများ ၊နေအိမ်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ဆိုသည်။

ပိတ်မိနေသည့် စစ်ကောင်စီတပ်များလည်း ထီးချိုင့်ဘက်မှ တပ်ကူလာသော စစ်ကြောင်းနှင့် ပူးပေါင်းသွားပြီး ထီးချိုင့်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာရာ ပျဉ်းစုရွာ နှင့် ပေါက်ကုန်းရွာကြားတွင် ကာကွယ်ရေးတပ်များနှင့် ထိတွေ့မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၃ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်များသည် သခွတ်ချောင်ရွာ၌ ယမန်နေ့ညက စခန်းချပြီး ယနေ့နံနက်တွင် ထီးချိုင့်မြို့သို့ ပြန်ဝင်သွားကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook