စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် မှိုရှာထွက်လာသည့် စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း Royal Eagle PDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ် ၂၉ ရက်) နံနက် ၇ နာရီခန့်က ပုလဲမြို့နယ် ၊ဇီးဖြူကုန်းပျူရွာမှ မှိုရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း Royal Eagle PDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အလောင်းပင်ပြန်မကောက်နိုင်ဘဲ ပျူရွာအတွင်း ဝရုန်းသုံးကား ဆုတ်ခွာပြေးဝင်သွားခဲ့ပါတယ်။”ဟု Royal Eagle PDFက အသိပေးသည်။
အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း – ၁ (Royal Eagle PDF)က ဆိုသည်။

Public Service Announcement
ကျန်ရှိသောအလောင်းကို နံနက် ၈ နာရီ ၄၅မိနစ်ခန့်တွင် လာရောက်ကောက်ယူသွားပြီး နံနက် ၉နာရီ ၅၅ မိနစ်တွင် မီးရှို့သင်္ဂြိုလ်သွားကြောင်း Royal Eagle PDFအဖွဲ့က အသိပေးသည်။
မွန်းလွဲ ၂ နာရီ ၅၀ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီးများသည်မကျေနပ်၍ အင်အား (၁၅)ဦးဖြင့် ရွာနီးတဝိုက် လှည့်လည်ကင်းပတ်နေစဉ် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဦးဒဏ်ရာရရှိသွားကြောင်း Royal Eagle PDFအဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများအား ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလဲတပ်ရင်း-၁ RoyalEagle(RES)၊ ပုံတောင်Tiger၊ ပုလဲနယ်တောင်ပေါ်ပုဏ္ဏက အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိကြောင်း ၎င်းတို့က အသိပေးသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီးဖွဲ့ထံ RoyalEagle PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


















































