Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပျံလွှားစစ်ဆင်ရေးအဖြစ် နှစ်ရက်အတွင်း ဘီးလင်းနှင့် သထုံနယ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ စစ်ကောင်စီတပ်နှင့် စစ်ယာဉ်တန်းများကို တိုက်ခိုက်

ဩဂုတ် ၂၈ရက်တွင်လည်း ဘီးလင်းမြို့အနီးရှိ စစ်ကောင်စီအမြှောက်တပ်အား ဝေဟင်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုကို မသိရသေးကြောင်း ဖော်ပြထားသည်။

ပျံလွှားစစ်ဆင်ရေးအဖြစ် နှစ်ရက်အတွင်း ဘီးလင်းနှင့် သထုံနယ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ စစ်ကောင်စီတပ်နှင့် စစ်ယာဉ်တန်းများကို တိုက်ခိုက်
ပျံလွှားစစ်ဆင်ရေးအဖြစ် နှစ်ရက်အတွင်း ဘီးလင်းနှင့် သထုံနယ်ရှိ ထွေအုပ်ရုံး၊ ရဲစခန်း၊ စစ်ကောင်စီတပ်နှင့် စစ်ယာဉ်တန်းများကို တိုက်ခိုက်

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ပြီး ယာဉ်ပျက်စီးမှုရှိဟု HRS အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း၌ ဝေဟင်နှင့် မြေပြင်ပူးပေါင်းစစ်ဆင်သည့် ပျံလွှားစစ်ဆင်ရေးကို ပြုလုပ်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ် ပစ်မှတ်နေရာများစွာကို တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင်ပါဝင်သည့် Hawk Revolutionary Squad(HRS)မှတာဝန်ရှိသူက​ပြောသည်။

HRSနှင့် KNLAတပ်ရင်း (၂)၊တပ်ခွဲ (၃) ပူးပေါင်းစစ်ကြောင်းမှ “ပျံလွှားစစ်ဆင်ရေး” ဖြင့် ဘီးလင်းမြို့နှင့် သထုံမြို့များရှိ စစ်ကောင်စီတပ်များ၊အုပ်ချုပ်ရေးယန္တယားများ၊အမြှောက်တပ်နှင့်ယာဉ်တန်းတို့အား ဝေဟင်၊မြေပြင် ပူးပေါင်းစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းကို ဩဂုတ် ၂၇ရက်က ဝေဟင်မှပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ဧရိယာအတွင်းသို့ တိကျစွာထိမှန်ပေါက်ကွဲခဲ့၍ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းနေ့တွင် ဘီးလင်းတိုးဂိတ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝေဟင်မှထပ်မံပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခြင်းတို့ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှနှစ်ဦး အနည်းသုံးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ငယ်များ၊ လက်နက်ကြီးများဖြင့်ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းနေ့ ညပိုင်း၌ ရန်ကုန်-မော်လမြိုင်အဝေးလမ်းမပေါ်တွင် သထုံမှဘီးလင်းဘက်သို့ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ယာဉ်သုံးစီး ပျက်စီးကာ သေဆုံးထိခိုက်များနိုင်ကြောင်း၊ ည ၁၀နာရီခန့်တွင် လူနာတင်ယာဉ်နှစ်စီးဖြင့် သေဆုံးဒဏ်ရာရသူများအားလာရောက်သယ်ဆောင်သွားကာ ပျက်စီးသွားသောယာ‌ဉ်သုံးစီးအား ညချင်းတွင်း ကရိန်းကားဖြင့်လာရောက်ဆွဲယူသွားခဲ့ကြောင်း HRSက ထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက်တွင်လည်း ဘီးလင်းမြို့အနီးရှိ စစ်ကောင်စီအမြှောက်တပ်အား ဝေဟင်မှ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုကို မသိရသေးကြောင်း ဖော်ပြထားသည်။

“ပျံလွှားစစ်ဆင်ရေး”လုပ်ဆောင်နေစဉ်ကာလအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ရမ်းသမ်းပစ်ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း နှင့် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း KNLA,HRS ပူးပေါင်းစစ်ကြောင်းမှ ထိခိုက်ကျဆုံးဒဏ်ရာရမှု မရှိခဲ့ဟုအသိပေးထားသည်။

“လက်နက်ခဲယမ်းသိမ်းဆည်းရမှု တော့မရှိခဲ့ပါခင်ဗျ ။ပျောက်ကြားစစ်ဆင်ရေးဖြစ်ခဲ့တဲ့အတွက်ပါ”ဟု HRSတာဝန်ခံ Hax Linn က ပြောသည်။

HRS အနေဖြင့် ယခု စစ်ဆင်ရေးအပါအဝင် စစ်ဆင်ရေး ၃၀ခန့်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုကို အချိန်တစ်ခုရောက်မှ အသိပေးခဲ့ခြင်းဖြစ်ကြောင်း၊ KNUတပ်မဟာ(၁)နှင့် ထိစပ်နယ်မြေများ၌ပြုလုပ်သည့် စစ်ဆင်ရေးများ၌ ပါဝင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“လက်ရှိမှာ ထိစပ်စပ်နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အတော်လေး ခြိမ်းခြောက်ထားနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေပါတယ်ခင်ဗျ။”ဟု HRS တာဝန်ရှိသူက ပြောသည်။

ပိုမိုထိရောက်သည့် အောင်မြင်မှုများရရှိရေး ထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာ Sky Pineapples တွေကို လုံလောက်တဲ့အခြေ‌​နေတစ်ခုထိ ထုတ်လုပ်ထားနိုင်ပြီဖြစ်လို့ ပိုပြီးထိရောက်တဲ့ mission တွေဆက်လုပ်နိုင်ဖို့ လိုအပ်နေတဲ့ Wings(Drone)တွေအတွက် ထောက်ပံ့မှုတွေလိုအပ်နေပါသေးတယ်၊ မကြာခင်မှာ Wings တွေအတွက် project တစ်ခုနဲ့ Fundraising လုပ်ဖို့လည်းရှိနေတာမို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်တို့ HRS အနေနဲ့ ပြည်သူတွေနဲ့အနီးဆုံးမှာ ရှိနေမှာဖြစ်ပြီး ဒီတော်လှန်ရေး ပြီးဆုံးအောင်မြင်တဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်‌နေမှာဖြစ်ပါတယ်” ဟု Hax Linnက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။