Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနယ်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၍ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ရသည့် မှတ်တမ်းများ ထုတ်ပြန်

သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

▪️ကျွန်းလှမြို့နယ်မှ ရွာကြီးကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင် စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင် အပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ရသည့်ထိခိုက်သေဆုံးပျက်စီးမှု မှတ်တမ်းဓာတ်ပုံများကို ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဩဂုတ် ၂၃ရက်က ကောလင်းမြို့နယ်အနောက် ခြမ်း ချောင်းနားတိုက်နယ် သစ်ဆိမ့်ကုန်းရွာသို့ စစ်ကောင်စီတပ်က ညသန်းခေါင်အချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည် သူငါးဦးထိခိုက်ခဲ့ပြီး အသက် (၆)နှစ်ခွဲ ကလေးငယ်၊ ကိုယ်ဝန် (၉)လလွယ် ထားသည့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် လေးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

သေဆုံးခဲ့သူများမှာ သစ်ဆိမ်ကုန်းရွာနေ မောင်ပြည့်စုံ ၊ ကိုမိုးအောင် ၊ကိုဇင်မျိုးထွန်းနှင့် ကိုဇင်မျိုးထွန်း၏ ဇနီးကိုယ်ဝန်ကိုးလလွယ်ထားသည့် မဖြူဇာဝင်းတို့ဖြစ်ပြီး မောင်ပြည့်စုံ၏ဖခင် ကိုနေလင်းဦးမှာ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဩဂုတ် ၂၃ရက်က ကောလင်းမြို့နယ်အောင်ချမ်းသာရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့၍ စစ်ကောင်စီက အရပ်သား ပြည်သူ များ နေထိုင်ရာကို လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ အထိနာသည့် စစ်ကောင်စီတပ်သည် ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များသို့ စစ်အင်အားများ ထပ်မံဖြည့်ဆည်းကာ ထိုးစစ်ဆင်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများဆက်လက် ပြုလုပ်နေပြီး မြို့နယ်သုံးခုမှ ကျေးရွာ ၉ရွာကထက်မနည်းကို ယခုဩဂုတ်လ အတွင်းမီးရှို့ ဖျက်ဆီးခဲ့သည်။

ယနေ့တွင် ကျွန်းလှ မြို့နယ် ရွာကုန်းကြီးရွာအား မီးရှို့နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ယခုရက်ပိုင်းအတွင်း ကျွန်းလှနယ်မှ ရွာ ၅ရွာထက်မနည်းမီးရှို့ခံနေရပြီး အရပ်သား ၆ဦးထက်မနည်း သေဆုံးကာ ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများ ရှိနေသည် ဟုဆိုသည်။

ထို့ပြင် ကျွန်းလှ၊ ကောလင်း၊ ကန့်ဘလူမြို့နယ် များမှ ကျေးရွာ ၃၀ကျော် ရှိ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး လူဦးရေသုံးသောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။