Connect with us

Hi, what are you looking for?

သတင်း

အင်္ဂဘိုရွာ သင်္ချိုင်းကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၇ဦးသေဟု KRF အသိပေး

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေသယ်ယာဉ်ဖြင့် လျှို့ဝှက်သယ်ဆောင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ
မြေသယ်ယာဉ်ဖြင့် လျှို့ဝှက်သယ်ဆောင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ လက်ပံပင်သင်္ချိုင်းကုန်း၌ နယ်မြေကျူးကျော်ပြီးလက်နက်ကြီး ထိုင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကို KRF၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃)၊ PDF တပ်ရင်း(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အနီးကပ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၇ဦး သေဆုံးသွားကြောင်း KRFက ထုတ်ပြန်သည်။ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

KRF အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေများ၊သတင်းပေး ဒလန်များ၊ စစ်ကောင်စီထောက်တိုင်များကိုဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။