သတင်း ဒီပဲယင်းမြို့နယ်တွင် ဒေသတွင်း PDFအဖွဲ့များနှင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ LuduNwayOoဇူလိုင် 8, 2022
သတင်း ဒီပဲယင်းမြို့နယ်ရှိ ဆပ်ပြာကျင်းရွာကို စစ်ကောင်စီက တိုက်လေယာဥ်နှစ်စင်းဖြင့် ပစ်ခတ် ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 2, 2022
သတင်း ဒီပဲယင်းမြို့နယ်တွင်း စစ်ကောင်စီတပ်က ရွာစဥ်ပတ်မီးရှို့နေ၍ ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ပြေးနေရ "အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်"ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။ LuduNwayOoမေ 31, 2022
News ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ LuduNwayOoမေ 21, 2022
News ဒီပဲယင်းမြို့နယ်ရဲစခန်းအား အာဏာရှင်တော်လှန်ရေးတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ကင်းတဲအား လက်နက်ကြီးနှစ်လုံး ဦးစွာထိမှန်ပြီးနောက် စခန်းကိုလည်း ထိမှန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်မှုများပြားပြီး သေဆုံးမှုရှိ သည်ဟုသိရကာ အရေအတွက် မသိရသေးကြောင်း အာဏာရှင်တော်လှန်ရေး တပ်မတော်က ဆိုသည်။ LuduNwayOoဧပြီ 23, 2022
News ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးအားသတ်ဖြတ်ပြီး ရွာတစ်ရွာကိုမီးရှို့ဖျက်ဆီး ညောင်လှကျေးရွာနှင့် တစ်ဆက်တည်းတည်ရှိသည့် ဝဲကြီး၊ ကုန်းကြီး၊ သရက်တော၊ သပြေသာ စသည့် ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 20, 2022
News ဒီပဲယင်းမြို့နယ်တွင် ဆန်စပါးကားများပြန်လည်ဖြတ်သန်းခွင့်ပြုပြီး လုပ်ငန်းများနှောင့်နှေးစေခဲ့သဖြင့် PDFတောင်းပန် တောင်သူလယ်သမားများနှင့် ဆန်စပါးကားလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ ပိတ်ဆို့ထားသည့်လမ်းပိုင်းများတွင် ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ၂၁ ရက်) အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 22, 2022
News ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိပေး လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 3, 2022
News ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လေးဦး အသတ်ခံရ အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စစ်ကောင်စီ၏လက်ဝေခံ ပျူစောထီးနှင့် ဒလန်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။ LuduNwayOoဒီဇင်ဘာ 28, 2021
News ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူသုံးဦးကို ဓားစားခံဖမ်းဆီးပြီး ပစ်သတ် "အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းစီးသွားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့ပါသည်"ဟု Hnaw PDF က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 21, 2021