Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိ​ပေး

လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့မတိုင်မီ ဒီပဲယင်းမြို့နယ်မှ အရာထမ်း၊အမှုထမ်းများ မိမိတို့ရုံး၊ဌာန ၊နေအိမ်များမှ အပြီးတိုင်စွန့်လွှတ်ထွက်ခွာသွားရန်နှင့် CDM ပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။

လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။

“တော်လှန်ရေးရဲ့နောက်တဆင့် တက်နေပြီဆိုတာ ကွဲကွဲ ပြား ပြားဖြစ်အောင်သတိပေးတာပါဗျ။မြို့နယ်ထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီယန္တရား အဝန်းအဝိုင်းလေးက နည်းနည်းပဲ ကျန်နေတာ။ဒါကို ယတိပြတ်ရှင်းအောင်လုပ်တာလည်းပါတယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ သားတို့ထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ် ဝန်းလုံး၏အာဏာသည် ပြည်သူ့အာဏာ ဟုသာ ဒီပဲယင်းမြို့နယ်ပြည်သူပြည်သားများမှ လက်ခံယုံကြည် ကျင့်သုံးလျက်ရှိသည်ဟုလည်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရူးတစ်သိုက်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် အကျင့်ဆိုးဖြင့် ပြည်သူပြည်သားများ၏ဆန္ဒ မပါဘဲ မျက်နှာပြောင်တိုက်ကာ အတင်း အဓမ္မအုပ် ချုပ်နိုင်ရေးနှင့် မိမိတို့ ဒီပဲယင်းနယ်သူ၊နယ်သားများအား ကျွန်ပြုအုပ်ချုပ်ရန် ကြိုး စားနေသည်ကို လက်မခံဘဲ ရရာနည်းလမ်းပေါင်စုံဖြင့် ပိုမိုထိရောက်စွာ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ် ကြောင်းလည်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။

ယခုရက်ပိုင်းကစ၍စစ်ကိုင်း၊မကွေး၊ ချင်း နှင့် ကရင်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို သက်ဆိုင်ရာ မြို့နယ်တွင်းမှ ထွက်ခွာရန် သို့မဟုတ် နှုတ်ထွက်ရန် ပြည်သူ့တပ်ဖွဲ့အသီးသီးက သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။