Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်မှ Non CDM ဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၁၅ မတိုင်ခင်ရုံးနှင့်အိမ်များမှအပြီးထွက်ခွာသွားရန်နှင့်CDM ပြုလုပ်ကြရန် သတိ​ပေး

လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့မတိုင်မီ ဒီပဲယင်းမြို့နယ်မှ အရာထမ်း၊အမှုထမ်းများ မိမိတို့ရုံး၊ဌာန ၊နေအိမ်များမှ အပြီးတိုင်စွန့်လွှတ်ထွက်ခွာသွားရန်နှင့် CDM ပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။

လိုက်နာခြင်းမရှိသူများကို ၎င်းတို့၏ ပိုင်ဆိုင်မူနှင့် မိသားစုများ၏ လုံခြုံရေးကိုပါ အာမခံချက် ရှိပေးနိုင်မည်မဟုတ်ကြောင်းလည်း သတိပေးသည်။

“တော်လှန်ရေးရဲ့နောက်တဆင့် တက်နေပြီဆိုတာ ကွဲကွဲ ပြား ပြားဖြစ်အောင်သတိပေးတာပါဗျ။မြို့နယ်ထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီယန္တရား အဝန်းအဝိုင်းလေးက နည်းနည်းပဲ ကျန်နေတာ။ဒါကို ယတိပြတ်ရှင်းအောင်လုပ်တာလည်းပါတယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ သားတို့ထံမှ ဆင်းသက်လာပြီး နိုင်ငံတော်တစ် ဝန်းလုံး၏အာဏာသည် ပြည်သူ့အာဏာ ဟုသာ ဒီပဲယင်းမြို့နယ်ပြည်သူပြည်သားများမှ လက်ခံယုံကြည် ကျင့်သုံးလျက်ရှိသည်ဟုလည်း အသိ ပေးသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရူးတစ်သိုက်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် အကျင့်ဆိုးဖြင့် ပြည်သူပြည်သားများ၏ဆန္ဒ မပါဘဲ မျက်နှာပြောင်တိုက်ကာ အတင်း အဓမ္မအုပ် ချုပ်နိုင်ရေးနှင့် မိမိတို့ ဒီပဲယင်းနယ်သူ၊နယ်သားများအား ကျွန်ပြုအုပ်ချုပ်ရန် ကြိုး စားနေသည်ကို လက်မခံဘဲ ရရာနည်းလမ်းပေါင်စုံဖြင့် ပိုမိုထိရောက်စွာ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ် ကြောင်းလည်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။

ယခုရက်ပိုင်းကစ၍စစ်ကိုင်း၊မကွေး၊ ချင်း နှင့် ကရင်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို သက်ဆိုင်ရာ မြို့နယ်တွင်းမှ ထွက်ခွာရန် သို့မဟုတ် နှုတ်ထွက်ရန် ပြည်သူ့တပ်ဖွဲ့အသီးသီးက သတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။