Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လေးဦး အသတ်ခံရ

အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စစ်ကောင်စီ၏လက်ဝေခံ ပျူစောထီးနှင့် ဒလန်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လေးဦး အသတ်ခံခဲ့ရကြောင်း ဒီပဲယင်းညီနောင်များအဖွဲ့နှင့် Voice Of Depeyin တို့က အတည်ပြုသည်။

ဆန့်ကျင်ဘက်အုပ်စုများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးမှာ ဂဠုန်တပ်မှဟု ကနဦးသိရသော်လည်း မိခင်အဖွဲ့အစည်းဖြစ်သည့် ဂဠုန်တပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

“ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းနဲ့ ထောင်တန်းရွာအကြား မူးဘောင်ရဲ့အရှေ့ဘက်မှာ အသတ်ခံရတာ”ဟု ဒီပဲရင်းယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ရဲဘော်လေးဦးမှာ ယမန်နေ့(ဒီဇင်ဘာ ၂၇)ည ၁၂ နာရီခန့်တွင် အဖွဲ့နှင့် အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် မြေပြင်သတင်းပေးပို့သူတစ်ဦးထံမှ ဆက်သွယ်လာချိန်မှ အသတ်ခံထားရသည်ကို သိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ဒီပဲယင်းမြို့နယ်သို့ စစ်ကောင်စီတပ်များရောက်ရှိနေပြီး ကန်ပြားကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အင်အား ၇၀ ကျော်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စစ်ကောင်စီ၏လက်ဝေခံ ပျူစောထီးနှင့် ဒလန်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook