Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူသုံးဦးကို ဓားစားခံဖမ်းဆီးပြီး ပစ်သတ်

“အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းစီးသွားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့ပါသည်”ဟု Hnaw PDF က ဆိုသည်။

(နေအိမ်များ မီးရှို့ဖျက်စီးခံခဲ့ရသည့် နှောဒေသမှ ဆုံကုန်းကျေးရွာအား တွေ့ရစဥ်)

ဒီပဲယင်းမြို့နယ် နှောဒေသရှိကျေးရွာများအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် ဓားစာခံအဖြစ်ဖမ်းဆီးသွားသည့် ပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း နှောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Hnaw PDF)က ထုတ်ပြန်သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူသုံးဦးမှာ နှောဒေသ ဆယ်တောအုပ်စု ဆုံကုန်းကျေးရွာမှဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သတ်ဖြတ်ခံခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းစီးသွားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့ပါသည်”ဟု Hnaw PDF က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့် ဆုံကုန်းရွာခံသုံးဦးမှာ ဦးမြတ်သင်း (၅၀ နှစ်ခန့်)၊ ဦးမျို့နိုင်(ခ)ငမျို့(၄၀ နှစ်ခန့်)နှင့် မောင်အောင်ဌေး(၁၂ နှစ်)တို့​ဖြစ်ပြီး မောင်ဌေးအောင်မှာ စိတ်ပေါ့သွပ်သူတစ်ဦးဖြစ်ကြောင်း ​Hnaw PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အ​ပြင် သတ်ဖြတ်ခံရသူများအနီးတွင် ကျည် ခွံခုနစ်ခုနှင့် ကျည်တစ်တောင့်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုကြောင့် နှောဒေသရှိပြည်သူများအနေဖြင့် ယခုသတ်ဖြတ်ခံရသည့်ဖြစ်စဥ်အပေါ် သင်ခန်းစာယူပြီး စစ်ကောင်စီတပ်များအား သတိပြုရှောင်ရှားကြရန် ၎င်းတို့က တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာများအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းစီးသတ်ဖြတ်ခြင်းများ ကျူးလွန်လျှက်ရှိပြီး ယမန်နေ့တစ်ရက်တည်းတွင် ဒီပဲယင်းနှင့် ရေဦးမြို့နယ်များတွင် ရဟပ်ယာဥ်များအသုံး ပြု၍ ပစ်ခတ်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။