Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်ရဲစခန်းအား အာဏာရှင်တော်လှန်ရေးတပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ကင်းတဲအား လက်နက်ကြီးနှစ်လုံး ဦးစွာထိမှန်ပြီးနောက် စခန်းကိုလည်း ထိမှန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်မှုများပြားပြီး သေဆုံးမှုရှိ သည်ဟုသိရကာ အရေအတွက် မသိရသေးကြောင်း အာဏာရှင်တော်လှန်ရေး တပ်မတော်က ဆိုသည်။

အကြမ်းဖက်စစ်သားများ ထိခိုက်မှုများပြားဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရဲစခန်းအား ရှော့တိုက်ဒုံးများ၊ လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးတပ်မတော် (DRPA)က ထုတ်ပြန်သည်။

ဧပြီ ၂၁ ရက် ည ၁၀နာရီခန့်က ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်များ တ​ပ်စွဲ ထားသော ဒီပဲယင်းရဲစခန်းအား အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် တပ်ရင်း (၂)၊ ကျားလေး PDF ပြောက်ကျား စစ်သည်တော်များနှင့် ဒေသခံကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ နှင့်ပူးပေါင်းပြီး ရှော့တိုက်ဒုံးများ၊ လက်လုပ်လက်နက်ကြီးများဖြင့် ထပ်မံသွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်မတော် က ထုတ်ပြန်သည်။

ကင်းတဲအား လက်နက်ကြီးနှစ်လုံး ဦးစွာထိမှန်ပြီးနောက် စခန်းကိုလည်း ထိမှန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်မှုများပြားပြီး သေဆုံးမှုရှိ သည်ဟုသိရကာ အရေအတွက် မသိရသေးကြောင်း အာဏာရှင်တော်လှန်ရေး တပ်မတော်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ထွေထွေထူးထူးတော့ပြောစရာမရှိပါဘူး။ ဒီပဲယင်းမှာ ညတိုင်းနီးပါး Mission ရှိပါတယ်။ဒေသခံအဖွဲ့တွေ အလှည့်ကျပူးပေါင်းဆောင်ရွက်နေကြပါတယ်ဗျ။”ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော်(DRPA) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မ​တော် DRPAသည် ဧပြီ ၂၀ ရက် နံနက် ၉ နာရီခန့် ကလည်း ကနီမြို့မှရေလယ်ကျွန်းရွာသို့ ရိက္ခာလာရောက်ပို့ ဆောင်သော အကြမ်းဖက် စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ လေး ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။