Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင် ဒေသတွင်း PDFအဖွဲ့များနှင့်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)
(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း Freedom Revolution Force (FRF) အဖွဲ့က အသိ​ပေးသည်။

ယမန်နေ့(ဇူလိုင် ၇ ရက်) ညနေ ၆နာရီခွဲက ဒီပဲယင်းမြို့နှင့် နှစ်မိုင်ခန့်အကွာ မဲသည်ရွာနှင့် ဝဘာကျေးရွာအနီးစစ်ကောင်စီတပ်သား ၄၀ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုအား FRF ရွှေဘိုခရိုင် တပ်ရင်း (၂၄)၊ တပ်ရင်း – ၁၂၊ Galaxy Force ဒီပဲယင်း(ပကဖ)၊ DRPA၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် Local PDF များ အစရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)
(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ – FRF)

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ FRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေး​ပေ။စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေး​ပေ။

သို့​သော် ဒီပဲယင်းနယ်ခံတစ်ဦးက “သေတဲ့အလောင်းတွေကို ဘောလုံးကွင်းထိပ်မှာညပိုင်းအထိ ချထားတယ်။ လာမခေါ်သေးဘူးလို့သိရပြီး အထမ်းတွေနဲ့ ခေါ်သွားတာတွေလည်း တော်တော်များတယ်လို့သိရပါတယ်”ဟု ပြော သည်။

စစ်​ကောင်စီတပ်သည် ယနေ့ (ဇူလိုင်၈ရက်)နံနက်ပိုင်းတွင် ပျံကျကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။